twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

သူမလေးသို့ အသိပေးခြင်း

ကျွန်တော်ကိုယ်က လိုအပ်နေသေးတာလား
သူမဟာ ကျွန်တော် မသိတတ်သေးတဲ့ ဆင်ဖိုနီတပုဒ်
ပြီးတော့ ကျွန်တော် မဖတ်တတ်သေးတဲ့ ဘာသာစကား...
ကျွန်တော် မဖွင့်ဆို တတ်သေးတဲ့ ခက်ဆစ်တပုဒ်
ပြီးတော့... ကျွန်တော့်အတွက် အဝေးက ကြယ်...
သူမလေးရေ....
ငါဟာ အညံ့စား ကောင်တကောင်ရယ်ပါ..
ငါဟာ လမိုက်ညပါ..
ငါက ညစ်ထေးနေတဲ့ သင်ပုန်းတချပ်ပါ..

    သူမလေးရေ..
    ချစ်စရာ ကောင်းတဲ့...ဒါမှမဟုတ်..
    အူလှိုက်သဲလှိုက် သူမလေးရေ....

မင်းပုံပြင်တွေကို ငါ အများကြီး မသိပေမယ့်...
မင်းရဲ့ ဗေဒတွေ ငါ မသိနိုင်သေးပေမယ့်....
မင်းဟာ...ငါ့နံရိုးတချောင်း ဟုတ်မဟုတ် မသေချာပေမယ့်လည်း
ငါလေ....
ဟောဒိ သောက်ရူးကောင်ကလေ....
“အရမ်း.....ချစ်နေတယ်....”ကွယ့်...။

Read Users' Comments (6)

6 Response to "သူမလေးသို့ အသိပေးခြင်း"

  1. Anonymous Says:
    February 14, 2009 at 10:40 AM

    မုသားစကားမပြောရဘူးတဲ့း)

    ဟဟားး စတာ သူမလေးလည်းပြန်ချစ်ပါစေ ။

  2. flowerworld says:
    February 14, 2009 at 12:36 PM

    ဟေ့လူကလေး အမြင်ကပ်အောင်သိပ်မလုပ်နဲ့နော်..ဟွင်းဟွင်း
    အပေါင်းအသင်းတွေရှေ့ ဟန်လုပ်တဲ့စကားလေးခဏခဏနင်ပြောဖူးတယ် အရမ်းချစ်ရပါသတဲ့..ငါ့နောက်ကွယ်ဆို..ဘာလဲမမှတ်မိတော့ အဲ့လောက်ပဲဆိုတတ်တော့တယ်....ဟီးးးးးးးးးချိတ်ချိုးနဲ့နော် ကိုကိုဖတ်တီး.ဟိဟိ

  3. Minn Yoon Thit says:
    February 14, 2009 at 2:56 PM

    မညာပါဘူး ကြောင်ကလေးရ တကယ်ပြောတာ.. အောင်မယ် ၀တုတ်ကများ ငါ့ကို ဖက်တီးတဲ့... သေမယ် နင်တော့ ....

  4. Anonymous Says:
    February 14, 2009 at 7:12 PM

    ဘူလေးလည်း ဘူလေးလည်းဟေ့ ဘူလေးလည်း

  5. mabaydar says:
    February 14, 2009 at 9:37 PM

    flowerworld အဲဒိသီချင်း ကြားဖူးသလိုပဲ.. ဘယ်သီချင်းလဲပါးစပ်ဖျားတင်မေ့နေတာ..
    ဒါပေမဲ့.. flowerworld ပြောတာ ဟုတ်မယ်ထင်တယ်.. မြန်မာယောကျာင်္းလေးတွေက သူတို့တတ်တိုင်း စကားချိုချိုလေးတွေပြောတတ်ကြတယ်.. နောက်ကွယ်ဆိုမပြောနဲ့.. ကိုယ့်ကောင်မလေးဘေးချပြီးတောင် တခြားကောင်မလေးလိုက်ကြည့်ချင်ကြည့်နေမှာ.. မင်းယွန်းသစ် နင်ရော.. ဒီကဗျာက တကယ်စိတ်ရင်းနဲ့လား.. တကယ်ချစ်ရင်တော့ နီးစပ်နိုင်အောင် ကြိုးစားပေါ့.. အောင်မြင်ပါစေနော်..

  6. pyaephyo says:
    February 15, 2009 at 10:07 PM

    အဟမ်းဟမ်း........ ဘယ်သူလေးလဲကွ :D