ရွှေတိဂုံဘုရားသွားဖူးခြင်း
ရန်ကုန်မှာနေပြီး ရွှေတိဂုံဘုရားကို တလတခေါက်တောင် မရောက်ဖြစ်တာ များတယ်ဗျ။ နယ်က လူတွေသာ တကူးတက လာနေရတာ။ ကျွန်တော်တို့များ နေ့တိုင်း မြို့ထဲထွက်တော့ သုံးလမ်းဘက်ကသွားတိုင်း အမြဲကို ကပ်ကျော်သွားနေကြတာ။ တနေ့ကတော့ မေမေနဲ့ မနက်စောစော ရွှေတိဂုံဘုရား ရောက်ဖြစ်ခဲ့တယ်။ အခုတလော ကျွန်တော့် ဓာတ်ပုံလှုပ်ရှားမှု ဆောင်းပါးလေးတွေ မတင်ဖြစ်လို့ တင်ပေးလိုက်တယ်နော့။ (JXD လေးနဲ့ ရိုက်ထားတာပါ)

တောင်ဘက်မုခ်

ထမနဲပွဲရှိတယ်တဲ့ ကျွန်တော်တောင် လှူခဲ့သေးတယ်။ အလှူငွေကို ရေးထားတာ ကျွန်တော် ရမ်းသရူးဖတ်လိုက်တော့ ထမနဲ တဒယ်ကို ၂၀၀၀ တဲ့ ဟာဒါဆို ငါလှူလိုက်အုံးမယ်ဆိုတော့ သေချာပြန်ဖတ်ကြည့်မှ တိန်.... ၂၀၀၀၀ ဖြစ်နေတာကိုး အဟီး လက်ထဲ အဲ့လောက် မပါတာနဲ့ ပါသလောက်လေး နဲ့ လှူလိုက်တယ်။ :)

ပြုပြင်ဆဲရွှေတိဂုံစေတီတော်

ဘုရားဖူးလာ ရဟန်းရှင်လူများ

နေ့အလိုက်ဝတ်ရွတ်အသင်းက သံပြိုင်ရွတ်ဆိုနေကြစဉ်

အောင်မြေ

အောင်မြေကနေ စေတီတော်ကို လှမ်းရိုက်ထားတာဗျ.. နေက အလယ်ဝတ်ဆံမှာ အမဲဖြစ်သွားတယ်။ နေကို ဓာတ်ပုံရိုက်ရင် အဲ့လိုပဲ ဖြစ်လားတော့ မသိဘူး။

ဆယ်တော်မူဘုရား

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
February 11, 2009 at 12:06 AM
စေတနာသီသာပဓါန...သာဓု သာဓု သာဓုဗျာ။
February 12, 2009 at 8:40 AM
ဘုရား လာဖူးသွားတယ်ကွ ကျေးဇူး သယ်ရင်းး
February 12, 2009 at 9:08 AM
ကျေးဇူး ကျေးဇူး
February 12, 2009 at 9:26 AM
သာဓုပါရှင်သာဓုသာဓု.....
ကိုဖတ်တီးကြီးကုသိုလ်ကောင်းမှု့တွေဘာတွေလုပ်တယ်ဆိုတော့
စိတ်ချမ်းသာပြီးဒီထက်ပိုဝပါစေရှင်..ဟီးးးးးးးးးး