twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ကျွန်တော့်တူမလေး :)

ကျွန်တော့်အမ ခွန်မြလှိုင် တယောက် ပျောက်ချက်သား ကောင်းနေတာ အွန်လိုင်းလဲ မတက်၊ ဘလော့လဲ မရေးဆိုတော့ ကလေးမျက်နှာမြင်နေပြီပေါ့။ ကျွန်တော်ကလဲ ခုတလော ကိုယ့်ဘလော့လေး တောင် အနိုင်နိုင်ရေးနေတာ ဒီနေ့ blog feed ကိုကြည့်မိတော့မှ ကလေးပုံလေးတွေ့တယ်။ ဒါနဲ့ သူ့ဘလော့ကို သွားပြီး အမေ့ခွန်အား ဆိုတဲ့ ပို့စ်လေးဖတ်မိတော့မှ အံမယ်လေး အသဲယားစရာ ကလေးလေးကို တွေ့တော့တယ်။ မိန်းကလေးမွေးတာကိုး။ ကလေးရဲ့ အသက်က တလတောင် ရှိပြီ။ ဖြူဖြူဖွေးဖွေးလေး ပြီးတော့ ချောသဗျ။ အမတို့ လင်မယား ၂ယောက်လုံးနဲ့ တူလို့ထင်ပ။ အမရော ကလေးရော ကျန်းမာပါစေ ကြောင်း ဆုမွန်ကောင်း တောင်းပါတယ် အမရေ...။ (ကြုံတော့ ကျွန်တော့် တူမလေးကို ကိုယ်တိုင် လာချီအုံးမယ် :) )



တွေ့လား ကျွန်တော့် တူမလေးက ချစ်စရာလေးနော်..။ :P


Read Users' Comments (4)

4 Response to "ကျွန်တော့်တူမလေး :)"

  1. Anonymous Says:
    February 21, 2009 at 10:39 PM

    so cute...pretty lips

  2. flowerworld says:
    February 21, 2009 at 11:54 PM
    This comment has been removed by the author.
  3. flowerworld says:
    February 21, 2009 at 11:59 PM

    သူများကလေးပဲလိုက်ချီဖို့ကြိုးစားမနေ့နဲ့ ကိုယ့်ဘာသာကိုယ်လဲ ကြိုးစားဦး နာ့အကိုလူပျိုကြီးရဲ့

  4. Kaung Kim Pyar says:
    March 10, 2009 at 3:35 PM

    ချစ်စရာလေးဗျ..တကယ်ပါ..ကြီးလာရင် တော်တော်ချစ်ဖို့ကောင်းမှာပါ