twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

မပြောချင်တော့ဘူး

အွန်လိုင်းကနေ သိတဲ့ သူငယ်ချင်းမ တယောက် သူ့ရည်းစားကို ပေးဖို့ ဗယ်လင်တိုင်းကဗျာ ရေးပေးပါတဲ့။ တဘက်သက် သဘောမျိုးရေး ပေးပါတဲ့။ ကျွန်တော်လဲ ကုသိုလ်ရပါတယ် ဒါမျိုးက ဆိုပြီး စေတနာ ထားပြီးရေးပေးလိုက်တယ်..။  ဒါပေမယ့် သူက ကျွန်တော့်ကဗျာကို ဘယ်ရည်းစားကိုမှ မပေးပါဘူးဗျာ..။ တခြားဆိုက်တခုမှာ ခပ်တည်တည်နဲ့ ပြန်တင်ထားတယ်တဲ့ လာပြောတယ်..။ ကျွန်တော် အံ့သြသွားတယ်..။ ကျွန်တော်ကိုယ်တိုင် ရှဲဒိုး ရေးပေးမိသလို ဖြစ်သွားတယ်..။ ကျွန်တော် သူ့ကို ဒီလို မလုပ်ဖို့ ပြောတယ်..။ သူကတော့ ကျွန်တော့် နာမည်ပြန်ထည့်ပေးပါမယ် တဲ့..။ မသိလို့ပါတဲ့ ဘာပဲဖြစ်ဖြစ် စိတ်အချဉ်ပေါက်သွားတယ်ဗျာ.. ။ စေတနာကို မလေးစား သလို အနုပညာကိုလဲ စော်ကားသလိုပဲ..။ တော်ပြီ မှတ်သွားပါပြီ ကျွန်တော် ဘယ်သူ့ကိုမှ ကဗျာတွေ လက်ဆောင် အဖြစ် မရေးပေးတော့ဘူး။ ဟူးးးး မပြောချင်တော့ဘူး..ဗျာ...။

Read Users' Comments (6)

6 Response to "မပြောချင်တော့ဘူး"

  1. Anonymous Says:
    February 2, 2009 at 8:56 PM

    ၀ိုးး..အံ့ဖွယ်သုတပါလား သယ်ရင်းရေ့း) နာမည်ထည့်မပေးနေပါနဲ့တော့လို့ အစောကြီးထဲက မညာသင့်တာလေနော့် ။ ဒါနဲ့ ငါ့ကိုလည်းတစ်ပုဒ်လောက်ရေးပေးပါအုံးလားကွ ဟဟားးး

  2. Anonymous Says:
    February 2, 2009 at 10:07 PM

    မပြောချင်တော့ဘူးTopic ကိုနောက်ဆက်တွဲ၁၊၂ ဆိုပြီး
    လဲရေးဗျာ၊ကောင်းတယ်။

  3. :P says:
    February 3, 2009 at 6:54 AM

    နေရင်းထိုင်ရင်း ရှဲဒိုး ဖြစ်သွားတာပေါ့....။

  4. Anonymous Says:
    February 3, 2009 at 2:06 PM

    ဟေ့
    အဲသလောက်လည်း ဒေါသမဖြစ်ပါနဲ့
    ပြေ2လည်2လေးလုပ်ကြပါ။
    အေးလေ သူကသူပဲ အဲလိုလုပ်စရာလားလို့
    ယမင်းကိုပေးလေ..(အဟီး) အဲအမ တခြားဆိုက်တစ်ခုမှာ တင်ဝူး ... ကိုယ့်ဆိုက်မှာပဲတင်မယ် :)

  5. Anonymous Says:
    February 3, 2009 at 6:16 PM

    ဝေ့.... နာ့လည်း တစ်ပုဒ်လောက်လုပ်ပါဦးဟ... ဟာဟ
    ရေးပေးလိုက်တဲ့ ကဗျာလေးကို ပြဦးလေ..

  6. flowerworld says:
    February 5, 2009 at 3:23 PM

    မပြောချင်တော့ဘူး လို့ခေါင်းစဉ်တတ်ပြီးတော့ ဘာလို့ပြောနေသေးလဲ ကိုကြီးဖတ်တီးရာ..မပြောနဲ့ပေါ့ ပြောပြတယ်ဆိုကတည်းနာ့အကိုပြောချင်မှန်းသိသာပါတယ်ဂျာ
    အဟီးးးးးးးးးးးးး