ဆီမီနာပုံတွေပြန်တွေ့
တနေ့က ကျွန်တော့်ရဲ့ မြွှေသိုက်ဖြစ်နေတဲ့ အခန်းကို ရှင်းရင်း စီဒီတွေ စုထည့်ထားတဲ့ ဂတ်ထူပုံးထဲကနေ မနှစ်ကလုပ်တဲ့ စီမီနာ ပုံတွေကူးထားတဲ့ ဒီဗီဒီခွေ သွားတွေ့တယ်ဗျာ။ ၀မ်းသာလိုက်တာ။ အဲ့ဒိခွေက ပျောက်နေတာ ကြာပြီ။ ဘယ်သူဆီမှာမှ မရှိတော့ဘူး ထင်တယ် တစုတစည်းထဲ။ အဲဒိခွေက ကိုနေဘုန်းလတ် ဆီကရတာ။ ကိုစစ်အိမ်ကူးပေးထားတာပါ။ (တောင်းပန်ပါတယ်ခင်ဗျာ ကျွန်တော်အစက ကိုနေဘုန်းလတ်ဆီက ခွေရတော့ သူကူးပေးတယ် ထင်ပြီး ရေးလိုက်တာပါ။ အခုပြန်ပြင်ထားပါတယ်။ အမှန်က ကိုစစ်အိမ်ကူးပေးတာ ဖြစ်ကြောင်း ကိုဂေါက်က အမှန်ပြန်ပြင်ပေးလို့ ပြင်လိုက်ပါပြီ။ အခုလို အမှားကို ထောက်ပြပေးတဲ့ အတွက်ကျေးဇူးပါ။ ကျွန်တော့်ချို့ယွင်းချက်အတွက် တောင်းပန်ပါတယ်)တလောက ကိုမျက်လုံးတောင် တောင်းသေးပေမယ့် ကျွန်တော်လဲ ဘယ်ရောက်နေမှန်းမသိတာနဲ့ မပေးလိုက်နိုင်ဘူး။ ကျွန်တော်ဆိုတဲ့ ကောင်က သိပ်စည်းကမ်းရှိတယ်ဆိုတော့လေ။ :) ခွေကို ပြန်ကြည့်တော့ အားလုံး မှတ်တမ်းတင် ကင်မရာ ၇လုံးက ပုံတွေ စုထားတယ်။ ပြီးတော့ collection ဓာတ်ပုံဖိုင်တခု အပါအ၀င် အများကြီးပဲ ပုံတွေ။ အရင်ပုံလေးတွေ ပြန်ကြည့်တော့ အဲ့ဒိတုန်းက အားလုံးတက်တက်ကြွကြွ တတပ်တအား လုပ်ကြတာကို ပြန်သတိရမိတယ်ဗျာ။ ပုံလေးတွေ ကြည့်ပြီးလွမ်းလိုက်တာ။ ကျွန်တော်ပြီးခဲ့တဲ့ လတုန်းကလဲ အလွမ်းပြေ (၁)၊ (၂) ရေးပြီးပါပြီ။ အဲဒိတုန်းက ပျော်နေကြတဲ့ ပုံလေးတွေကြည့်ပြီး အခုတောင် အဲဒိလို ပျော်ပြီး ပီတိဖြစ်နေသလိုပဲ။ အမှတ်တရပုံလေးတွေကို အဲဒိတုန်းက ပါဝင်တဲ့ဘလော့ကာ တွေလဲ ပြန်လွမ်းရအောင် ၊ မသိမမှီလိုက်တဲ့ ဘလော့ကာတွေလဲ ကြည့်ရှုရအောင် ပုံလေးတချို့ ပြန်တင်ပေးလိုက်ပါတယ်။ (ကျွန်တော့်ဆီမှာ ရှိတဲ့ ဓာတ်ပုံဒီဗီဒီကို လိုချင်တယ်ဆိုရင်တော့ ကျွန်တော့်အီးမေးလ်ဆီ ဆက်သွယ်နိုင်ပါတယ်။ ကျွန်တော်ကူးပေးပါ့မယ် [လောလောဆယ် ရန်ကုန် ဘလော့ကာများ အတွက်ကူးပေးပါ့မယ်။ တခြားမှ လိုချင်သူများအတွက်တော့ ကိုနက်ရှင်ကောင်းရင်တော့ upload တင်ထားပေးပါ့မယ်။ ခေတ္တစောင့်ပေးကြပါ။])

We blog We Unite
အမှတ်တရ ကျွန်တော်တို့ အဖွဲ့
အမှတ်တမဲ့မှ အမှတ်တရပေါ့ဗျာ။

ကျွန်တော်တို့ဒီလို live blog လုပ်ပါတယ်။း)
အမှတ်တရ ဆိုင်းထိုးကြတယ်။
ကျွန်တော့် ဘလော့လဲ ကြော်ငြာကြည့်တာပေါ့။း)
အဲဒါ ၀ါးတီးဆွဲနေတာ
ဝါးတီကုတ်နဲ့ ၀ါးတီးဆွဲနေတဲ့ ကျွန်တော်တို့ မြို့စားကြီး ကိုနေဘုန်းလတ်
ဂေါက်ဂေါက်
ကိုကြီးကျော်
ဘကြီးမိုးခေါ် ကိုမိုးလှိုင်ည
ကိုတက်စ်လာ
ကိုညီလင်းဆက်
ကိုသန့်
စိုးဇီယ်
မပင့်နဲ့ မနှင်း
သယ်ရင်း တေဇာ

ညစာစားပွဲမှာဗျ
ချီးယားစ်
အင်း ပုံလေးတွေ ကြည့်ပြီးတော့ တအားလွမ်းသွားပြီဗျာ။း)



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
October 9, 2008 at 11:57 AM
သယ်ရင်း...ငါဘလော့တွေနဲ့ စရင်းနှီးတော့ ဒီပုံတွေစတွေ့ တာပေါ့ စု၂စည်း၂နဲ့ ပျော်စရာမို့  ဘလော့ရေးချစ်စိတ်တွေဖြစ်လာတာ ပျော်စရာကြီးနော့် ကောင်လေး လွမ်းနေတယ်ထင်ပါ့ အဲ့တုန်းကပျော်စရာအချိန်တွေကို....။
October 10, 2008 at 9:32 AM
တိုလီရာ... (ဂျပန်နာမည်နဲ့တူတယ်. :))
ခင်ဗျား လုပ်မှပဲ ကျွန်တော့်ရင်ထဲ ၀မ်းနည်းမှတ်တမ်းတွေ မျက်ရည်မြစ်ထဲ ခုန်ဆင်းသွားကုန်ပြီ. ပင်လယ်အော်သံတောင် ကြားလိုက်သေး.. ငါ့ကို ချစ်ရင် မနမ်းပါနဲ့တဲ့...
း)
လွဲကုန်ပြီ. ဆောရီး...
သတိရစရာတွေ ဖြစ်သွားတယ် ကိုမင်းယွန်းရေ.....
October 10, 2008 at 10:44 PM
တိုလီရေ လွမ်းမိပါတယ်
October 11, 2008 at 9:02 AM
လွှမ်းချက်တော်..။
November 9, 2008 at 4:17 PM
လွမ်းလိုက်တာဗျား
တစ်ခါမှ မပါလိုက်ရလို့ နောင်တရမဆုံးပါ.......