twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

အိမ်မပြန်ဝံ့သူ



အိမ်မပြန်ရဲဘူး...
နောက်မြီးပြတ် သမုဒယခြေရာနဲ့..
ကိုယ့်အရိပ်တိုတိုကို ပြန်လန့်နေရတဲ့ဘ၀မျိုး..
နံရံကပ် ပြက္ခဒိန် ပေါင်းများစွာရဲ့
စူးစိုက်တဲ့ ဒဏ်မခံနိုင်သေးဘူး...
ချို၊ ချဉ်၊ ဖန်၊ စပ်၊ ခါး ပေါင်းစုံနေတဲ့
ရုပ်လောကကြီးမှာ ခုထိစားလို့သောက်လို့ မကောင်းသေးဘူး..
တရှိုက်ရှိုက်နဲ့ ဖွာလိုက်တဲ့ အတွေးတွေ..
ခုထိမြင်လို့ မကောင်းသေးဘူး..
ပြီးတော့ ခုထိလဲ ဘာမှမဟုတ်သေးဘူး..
တခါတလေ ပျင်းရိတယ်...
တခါတလေ ခြောက်သွေ့လွန်းတယ်....
တခါတလေ ဦးတည်ရာမဲ့နေတယ်...
တခါတလေ... မုန်းသလို..
တခါတလေတော့လဲ လွမ်းသလိုလိုပါပဲ...
ပေါက်နေတဲ့ အိပ်ကပ်ထဲမှာ....
မိုးတိမ်တွေ ညို့နေပေမယ့်....
ကျွန်တော်လေ.......ခုထိ...
အိမ်မပြန်ရဲသေးဘူး...............။

Read Users' Comments (6)

6 Response to "အိမ်မပြန်ဝံ့သူ"

  1. ပန်းခရေ says:
    October 11, 2008 at 11:44 AM

    အိမ်မပြန်ရဲသေးဘူးဆိုတော့ သားက အိမ်က မသိအောင် ဘာလုပ်ထားလို့လဲ :P ကဗျာကောင်းတယ်ဟ မိုက်တယ် တင်ထားသမျှ ဒါအကြိုက်ဆုံးပဲ ပြန်ြ့ပီ ဂလောက်

  2. မုဒိတာ says:
    October 12, 2008 at 8:31 PM

    လေလွင့်သူလား အဟဲ စတာ
    မပြန်ချင်လဲ မပြန်နဲ့ဦး
    အေးဆေးပေါ့

  3. Chit Snow says:
    October 13, 2008 at 12:08 PM

    လူကို ခင်ပြီးရင်လည်း Blog ကို ၀င်ကြည့်ပါတယ်နော်း)

  4. Chaos says:
    October 13, 2008 at 2:23 PM

ံHome sweet home တဲ့
    ပြန်လိုက်ပါ ...

  5. Unknown says:
    December 28, 2008 at 2:05 PM

    ကဗျာလေး ကောင်းလိုက်တာနော် သားကအိမ်မပြန်ရဲဘူးဆိုတော့ မာမီအိမ်ကိုလာနေလေ မာမီလည်းတစ်ယောက်တည်းပျင်းနေတာသိလား.....လာခဲ့နော်သား......။

  6. Minn Yoon Thit says:
    December 28, 2008 at 3:29 PM

    ဟားဟား ကိုညီတို့က လုပ်တော့မယ် ဟင့်အင်း သားကြောက်တယ်ဂျ.. ဟတ်ဟတ် :P