လုပ်ချင်နေတာ
ကျွန်တော်ဆိုတဲ့ကောင်က လူကသာ ဘာကောင်မှမဟုတ်တာ လုပ်ချင်တာတွေ အများကြီး။ :) ပထမဆုံး နောက်လထဲမှာ ကျွန်တော် အကိုသူငယ်ချင်း band နဲ့ စတူဒီယိုမှာ ကျွန်တော့် သီချင်းနှစ်ပုဒ်ကို သွားသွင်းမယ်။ ပြီးတော့ အဲ့ဒိဟာလေးကို ကျွန်တော် MTV ရိုက်ထားချင်တယ်။ ကိုယ့်ဟာကိုယ် သိမ်းထားမလို့ပါ။ ရိုက်ရင်တော့ မောင်ခနဲ့ပဲရိုက်ဖြစ်မယ်ထင်တယ်။ဟိုအရင်က ရိုက်ထားဖူးတဲ့ ဟာလေးလဲ ပြန် edit လုပ်ချင်သေးတယ်။ အခုလောလောဆယ် မောင်ခလေးကလဲ စာမေးပွဲနီးနေလို့ သေချာ မပြောရသေးဘူး။ ပြီးတော့ ကိုဂေါက်ရေးထားတဲ့ သဲထိတ်ရင်ဖို ဘလော့ ၀တ္တုလေးဖြစ်တဲ့ ဂျုံးဂျုံးဂျက်ဂျက်ကို ဒါရိုက်တာ လတ်လတ်ဆတ်ဆတ်ကြီး ဖြစ်တဲ့ စိုးဇီယျနဲ့ ရိုက်မယ်။ ကိုဂေါက်ကတော့ ပြောပါတယ် ဟေ့ကောင်လေး မင်းအရင်ဝိတ်ချအုံးတဲ့။ ဟတ်ဟတ် လူက သိပ်မ၀ပါဘူး ပေါင်၁၈၀ကျော်ရုံလေးပါ။ :P။ ပြီးတော့ ကျွန်တော့် ၀တ္ထုရှည်လေးကို ပြန်လည်မွမ်းမံပြီး အသိစာအုပ်တိုက်ကို သွားပြချင်သေးတယ်။ အင်း ကိုယ့်ဟာကိုယ် ပြန်ဆန်းစစ်ကြည့်လိုက်တော့ ဘာဖြစ်ချင်နေမှန်းကို မသိတော့ပါဘူးဗျာ။ ဘာဘူသီချင်းလိုပဲ ..ဖြစ်ချင်နေတာ မင်းသား တစ်ယောက်ပါ ဖြစ်ချင်နေတာ အဆိုတော်ပဲ...ဒန့်တန့်တန့်...။ အဟတ် ဖြစ်ချင်တယ်ဗျို့ ...လုပ်လို့ရတာ အကုန်လုပ်ချင်တယ်။ ကျွန်တော်က အနုပညာ ရူးရူးနေတဲ့ အရူးကောင်ပေါ့..။ :P



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
October 3, 2008 at 1:38 PM
ကိုကိုမင်းယွန်းကြီးရယ် ၀တာလေးကိုအရင်လျော့မှပေါ့ ပြောမယ်သာပြောတာပါကိုမင်းယွန်းကြီးက ခန့်ချောလေးပါပဲ..ဟီးးးးးးးး မုန့်ဝယ်ကျွေးနော....
ကြိုးစားနော်...ဟိဟိ
October 3, 2008 at 2:55 PM
ဝ လို့ လှတာပဲ ရှိတယ်ကွ ၀၀ကစ်ကစ်လေးလို့  ချစ်စနိုးနဲ့ ပြောကြတာ ဒီကောင်ကလည်းပိန်လိုက်တာဆို မမိုက်ပါဘူး ငါဆို အဲ့လိုခဏခဏပြောခံထိနေတာ ခံစားရတယ် အဟင့်း(
October 3, 2008 at 7:08 PM
နည်းသေးတာပေါ့ ကလေးရယ်...ထပ်စဉ်းစားပါအုံး ဘာများထပ်ဖြစ်ချင်သေးလဲလို့ .. နင်ကမဆိုးပါဘူး ၀တာလေးပဲရှိတာ အသံလည်းကောင်းပါတယ် ငါ့သူငယ်ချင်းမို့ ပြောရအုံးမယ် ငါလောက်နီးနီးကို တော်တယ်း)
ဆက်လုပ် ဆက်လုပ်
အားပေးတယ် ဖြစ်တာဖြစ် လုပ်ချင်တာသာလုပ်
October 4, 2008 at 1:12 AM
Ko..can i'll b in your MTV too?
October 5, 2008 at 8:32 PM
ဦးမင်းယွန်းဆိုလို့ ပုပါးမှာ
နတ်တစ်ပါးထပ်တိုးပြီမှတ်နေတာ
မစတာတိုလီ ဖြစ်နေတာကိုး
ကြိုးစားဦးမင်းယွန်း ခေတ်ကြီးကိုက
မာတီဖြစ်နေတာ နောက်ဆုံးရိုက်လို့မရရင်
ချာလီချက်ပလင် အခန်းပါဝင်ရိုက်လေ
ပိန်မှတော့ဖြစ်မှာ
October 6, 2008 at 12:01 PM
ဘလော့ကာထဲမှာ မင်းသားမရှိသေးဘူး ။ မင်းယွန်းက တစ်ယောက်ထဲသော ဘလော့ကာမင်းသား :P