Posted in
Labels:
poem
|
Saturday, October 18, 2008
- ဖျက်သုန်းပစ်လိုက်ပြီ...
အခုတော့လဲ ငါ့ယာခင်းမှာ
အလွမ်းကြွေတွေသာ မြင်ရက်စရာမရှိအောင်
ပြန့်ကျဲလို့ပေါ့... - ငါ့ခရီးမိုင်တိုင်မှာ....
နိုဝင်ဘာမှတ်တိုင် တခုစိုက်ထူခဲ့ဖူးကြောင်း
အဲဒိတောင်တန်းတွေသာ သိနိုင်ကြလိမ့်မယ်... - ကိုယ့်ကိုကိုယ် ငြင်းပယ်ရင်း
ငါဟာ ဘယ်တော့မှ... ဘယ်ချိန်မှ...
အဖြစ်မရှိတဲ့ မြစ်တစ်စင်းရယ်ပေါ့... - တနံတလျား ချစ်မိတော့လဲ
နှလုံးသားဗုံသံတွေက
ကြာတော့... ပြာအက်လို့.... - နဝေတိမ်တောင်နဲ့ အ၀ှက်လွန်သွားတဲ့
နှစ်နှစ်ကာကာများကို ဖွင့်ဖောက်
ရာသီဥတုဒဏ်တွေကိုက ..ညိုးငယ်ခြောက်ကုန်ကြရဲ့... - မှော်လေးရေ...
အိပ်ရာဝင်ပုံပြင်လဲမဟုတ်
အပျော်ဖတ်သက်သက်လဲ မဟုတ်ခဲ့ပါဘူး...
စကားလုံးဟောင်းတချို့ခပ်တင်းတင်းပိုက်ရင်း
တချိန်ချိန်ကိုပေါ့...
ငါလေ...ထီးရိပ်လေးမိုးရင်း စောင့်လို့...။
October 18, 2008 at 10:15 AM
မှော်ဆရာမလေးက နိုဝင်ဘာမှ ပြုစားလိုက်တာလားကွ နှလုံးသားဗုံသံတွေက တီးပါများလို့  ပြာအက်သွားပြီးထင်တယ်း)
October 18, 2008 at 10:36 AM
စကားလုံးဟောင်းတချို့ခပ်တင်းတင်းပိုက်ရင်း
တချိန်ချိန်ကိုပေါ့...
ငါလေ...ထီးရိပ်လေးမိုးရင်း စောင့်လို့...။
သတိထားနော်........ခပ်တင်းတင်းပိုက်လိုက်လို့ဗြစ်ခနဲထွက်ကျလာဦးမယ်
....ဟီးးးးးးးးး
ထီးထီးဘာထီးလဲ...........ကိုဖတ်နဲ့ဆိုရင်တော့.....အင်းးးးးး
လူ၅ယောက်စာလောက်ထီးမှရမယ်နဲ့တူတယ်....ဟိဟိ
October 18, 2008 at 3:36 PM
မှော်လေးရေ...
အိပ်ရာဝင်ပုံပြင်လဲမဟုတ်
အပျော်ဖတ်သက်သက်လဲ မဟုတ်ခဲ့ပါဘူး...
စကားလုံးဟောင်းတချို့ခပ်တင်းတင်းပိုက်ရင်း
တချိန်ချိန်ကိုပေါ့...
ငါလေ...ထီးရိပ်လေးမိုးရင်း စောင့်လို့...။
စောင့်နေရတာ မောပြီပေါ့ကွယ်......ဟတ်ဟတ်
ဘာပဲဖြစ်ဖြစ် အချစ်စစ်ခဲ့ဆိုတာကို ဂုဏ်ယူလိုက်စမ်းပါ။
October 19, 2008 at 1:22 PM
အဲ့ဒိမှော်လေးကတော့ မေ့နေလောက်ပါပြီ။ ကျွန်တော်တယောက် ကျွန်းခံနေလိုက်တာများ အမေရိက တတိုက်စာလောက်များ ရှိမလားပဲ။ :D
October 20, 2008 at 10:47 AM
နိုဝင်ဘာမှတ်တိုင် စိုက်ထူဖို့ တွင်းတော့တော်တော်နက်အောင် တူးခဲ့ရမှာပဲနော် ။ ဒါနဲ့ ... ကျွန်းခံနေတာ အမေရိကတိုက် တစ်တိုက်စာလောက်ရှိတယ် ဆိုတာတော့ လက်ခံတယ်..အဟဲ :)