twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ပြီးဆုံးခြင်းပုံပြင်အမှတ် (၃)

ဖိုရိုးဖားယား ရယ်သံများ
ဝန်းကျင်တခုလုံး ပြန့်သွားကြရဲ့...
ခြေသံတွေ ကြားလိုက်တိုင်း
အေးခဲတုန်ရီလိုက်ရတာ အကြိမ်ကြိမ်ပါပဲ...
တခါတလေ ..တ၀က်တပျက်..
တခါတလေ.... ဖျတ်ကနဲ...လက်ကနဲ....
ဘာမှမဟုတ်ပေမယ့်...
အဲဒိ စကားလုံးသင်္ချိုင်းတွေကို ခုထိ ငါနှစ်ခြိုက်နေဆဲ....
အတုတပ်ထားတဲ့ မျက်လုံး ခပ်ပြာပြာ တွေရဲ့
စက်ကွင်းအောက် ခြေချော်လဲလိုလဲ...
အဖိုးမတန်တဲ့ အပေါစားဓမ္မတွေကို
ပလုပ်ပလောင်း စားပြလိုစားပြရရဲ့....
ဒီလိုနဲ့ မိုင်တိုင်ပေါင်းများစွာ ..
ဖြတ်ကျော်လာခဲ့...
ဘ၀ဂ်ညံနေတဲ့ ညခင်းကြီးထဲ ကျင်းပတဲ့
ဟောဒိက ပွဲတော်ကြီးဟာ အားမနာပ ပြောရရင်
ဈာပန သိပ်ဆန်လွန်းတယ်....။
အဲဒိမှာ ခေါင်းပြတ်သူတွေရဲ့ တရားတွေလဲ.
ကြားချင်ကြားရလိမ့်မယ်...
တော်ပြီ......
တန်ပြီ....
အားလုံးကို လက်ပြ နှုတ်ဆက်လိုက်ပါပြီ....
ဟောဒိကားနေတဲ့ လက်နှစ်ဖက်နဲ့ ကိုယ့်ကိုကိုယ်
တူးဆွ မြှပ်နှံရင်း မူလဆီပြန်ရောက်တော့မယ်..လို့...
ကျေနပ်နေမိရဲ့.....
အပုံလိုက်ဖြစ်နေတဲ့ မြေကြီးပေါ်မှာ...
အလကား လူတအုပ် ရောက်နေကြရဲ့..
မျက်ရည်တွေ အလကားနေ လဲ လာဖြိုက်နေကြသေးရဲ့..
ကိုယ့်အကောင်ကို အံ့သြတကြီး ပြန်ကြည့်မိလိုက်တယ်...
ဟာ ဘာမှလဲ ၀မ်းနည်းစရာ မကောင်းပဲနဲ့…များ…..။

Read Users' Comments (0)

0 Response to "ပြီးဆုံးခြင်းပုံပြင်အမှတ် (၃)"