twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

လူရွှင်တော်



ဟုတ်ကဲ့
ကျွန်တော်က လူတွေပျော်ဖို့ ပြက်လုံးထုတ်ရတယ်..
အရင်းခံ ကျွန်တော့် မျက်နှာဖုံးအောက်က မျက်ရည်များ
ရယ်မောရလို့ ကျခဲ့သလား...
ငိုကြွေးရလို့ ကျခဲ့သလား.. (ကျွန်တော့်ကိုယ် ကျွန်တော်အသိဆုံး)...
လူတွေ ဟားတိုက်ရယ်မော ရချိန်မှာ...
ကျွန်တော့် ရင်ဘတ်နောက်ဘက်မှာ ဆူးဒဏ်တွေ နစ်မြုတ်နေခဲ့....
(ဒါပေမယ့် ကျွန်တော် အပြုံးတု တခုနဲ့ ဖုံးဖိနိုင်ခဲ့တယ်)
ကပျက်ကချော် ဘ၀မှာ.... အတည်ပေါက်တွေဖြစ်နေပေမယ့်
တခါတလေကျတော့လဲ ကိုယ့်ဒဿနတွေ ပေါတောတောလို့သာ မြင်နေခဲ့ကြ....
သူတို့ကတော့ မြိန်ယှက်စွာ ရသခံပြီး ထိုင်ကြည့်နေနိုင်ကြလေရဲ့....
ကံကြမ္မာ နည်းလို့လား၊ ကိုယ်ပဲညံ့ခဲ့လို့များလား....( ခုထက်ထိ မတွေးတတ်သေးဘူး)
ခေါက်သိမ်းခဲ့တဲ့ မနက်ပေါင်းလဲ မနည်းတော့ဘူး....
ကျမ်းဂန် တစ်အုပ်စာလောက် ခါးသီးမှုများနဲ့....ကျွန်တော်က
နေသားတကျ ဖြစ်နေမိတာ ကိုယ့်ကိုယ်ကိုတောင် အံ့သြရတယ်..
နိမ့်ပါးတဲ့ ငါ့မြေပြင်ကို လာစိုက်တဲ့ လှံဆိုးတွေတော့... အမှတ်တရပဲ သိမ်းထားလိုက်ပါရဲ့
ကဲ... အချိန်ကျလာပြန်ပြီလေ...
ဇာတ်စင်ပေါ်တက် ကို့ရိုးကားယားနိုင်မှုတွေ လုပ်ပြရင်း
ဟုတ်ကဲ့...
ကျွန်တော်က လူတွေပျော်အောင် အသုံးတော်ခံရတာပေါ့...။

Read Users' Comments (1)comments

1 Response to "လူရွှင်တော်"

  1. Chaos says:
    January 16, 2008 at 2:50 PM

    တကယ်တမ်းတော့
    လူများကိုပျော်အောင် လုပ်ပေးတာ
    လူရွှင်တော်ရယ်မမည်ပါဘူး
    လူများပျော်အောင်
    လူချစ်လူခင်များတဲ့
    မင်းယွန်းရေ
    ပျော်ရွှင်ပါစေ