twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ရထားစီးကြသူများ

တစ်ဘူတာ.. တစ်ခေါက်နားတော့
တစ်ခါ ငေးမောကြရင်း ချွေးတိတ်ကြရ…
တချို့က နေရာ မရသေးဘူး (ခုထိ)
တချို့က တချိန်လုံးငိုက်မြည်းနေကြတယ်…
တချို့ကတော့ ပျော်နေကြတယ် (၀န်းကျင်ကိုတောင် မေ့လို့)
တချို့ကတော့ မပိုင်တဲ့နေရာကြီးကို
နင်းကန်ပြီး မောင်ပိုင်စီးထားရဲ့…
တချို့ကတော့ ခိုးကြောင် ခိုးဝှက်မျက်လုံးတွေနဲ့ ချောင်းမြောင်းနေကြ..
ဘယ်လိုပဲဖြစ်ဖြစ်..
သူတို့တွေ ဆင်းရမယ့် နေရာရောက်တော့
နေရာမရသူလဲ မကျေမနပ် ဆင်းသွားတယ်….
ငိုက်မြည်းသူလဲ ကမန်းကတန်း အိပ်ယာနိုးပြီး ဆင်းသွားတယ်….
ပျော်နေသူလဲ ဆက်မပျော်နိုင်ပဲ ဆင်းသွားတယ်…..
မောင်ပိုင်စီးထားသူလဲ မဖယ်ချင့်ဖယ်ချင် ဆင်းသွားတယ်…..
ခိုးကြောင်ခိုးဝှက်ကောင်တွေလဲ ကျီးကျီးကြောင်ကြောင် ဆင်းသွားတယ်…
အားလုံးဆင်းသွားတော့
နောက်တက်မယ့် ခရီးသည်များ ၀န်ထုပ်ဝန်ပိုး ကိုယ်စီနဲ့…
ခရီးသွားလက်မှတ်တွေ ကိုင်ဆုပ်ရင်း…
အဲဒိ ရထားကြီးကိုငေးမျှော်ကြည့်….ကြ……ရင်း….ပေါ့……….။

Read Users' Comments (2)

2 Response to "ရထားစီးကြသူများ"

  1. ပန်းခရေ says:
    February 1, 2008 at 10:15 AM

    ရထားကြီးပေါ်မှာ..
    စီးသူတွေဒီလောက်များနေတာ
    နော်..ပျော်စရာပဲဟ
    ငါလည်းရထားကြီးကိုလာရောက်ငေးမျှော်သွားတယ်ဟ
    ကောင်းတယ်သူငယ်ချင်း
    ထပ်ရေးပါအုံးနော်

  2. သဇင်ဏီ says:
    February 1, 2008 at 12:46 PM

    ရထားကြီးကတော့ပုံမှန်ခုတ်မောင်းနေဆဲ
    စီးတဲ့သူတွေကလဲစီးနေကြဆဲပဲ...
    မစီးချင်ဘဲစီးနေရတဲ့သူတွေလဲပါတယ်ဗျ