နှင်းတွေ ဝေတဲ့ ဆောင်း မနက်ခင်း
မနက်က ထူးထူးခြားခြားအိပ်ယာ အစောကြီးထမိလေရဲ့။ ခါတိုင်း အေးအေးနဲ့ကွေးနေတတ်တဲ့ ကျွန်တော်က နိုးတော့ ၀ရံတာကနေ အပြင်ကို လှမ်းကြည့်လိုက်တော့ အားပါး နှင်းတွေ ကျနေလိုက်ကြတာ... မှိုင်းနေတာပဲ။ အဲဒါနဲ့ ကျွန်တော်လဲ ကင်မရာလေးကိုင်ပြီး ခြံရှေ့ထွက်ပြီး ဟိုရိုက် ဒီရိုက်နဲ့ လက်တည့်စမ်းလိုက်ပါတယ်။

ပြတင်းပေါက် ဘောင်တွေ ကြားထဲက..
တိုးခတ်လာတဲ့ လေအေးတွေက..
အခန်းပြင်တခုလုံးကို စိမ့်နေစေတယ်...
နှင်းခိုးတွေ ပေကျံနေတဲ့..
မှန်တံခါးချပ်တွေကို ကျော်လွန်ဖို့..
စိတ်ကူးတွေက တွန့်ဆုတ်နေကြတယ်...။
မျက်နှာကျက် မီးချောင်းပေါ်က
အလင်းဖွေးတွေက ငုတ်တုတ်ထိုင်နေတဲ့ ကိုယ်ပေါ်
(အလိုက်ကန်းဆိုးမဲ့စွာ)
သွန်းလောင်းနေကြတယ်..။
ဝန်းကျင်တခုလုံး လုံခြုံအောင် ကွေးနေချိန်မှာ...
ကိုယ်ကတော့ လက်ဖျားအေးလေးတွေနဲ့..
ချစ်သူဓာတ်ပုံကို ထုတ်ထုတ် ကြည့်တာ..
အကြိမ်ပေါင်း ၆၀၀ မကတော့ဘူး..။
ဝရံတာဘက်ထွက်ပြီး... လရိပ်ခိုနေလိုက်ရဲ့....
သစ်ပင်ရဲ့ လက်တံဖားတွေ ပေါ်က...
ကျတဲ့ နှင်းစက်တွေက ခေါင်မိုးစွန်းပေါ်....
သံစဉ်တခုအလား တီးခတ်နေကြတယ်....။
အိမ်ရှေ့လမ်းမ ရှည်ရှည်ကတော့...
ဘာသိဘာသာပါပဲ..။
ဒီလိုနဲ့....
အေးလွန်းတဲ့ ဆောင်းဒဏ်ကြောင့်..
ဟပ်ချိုးတချက် ချေရင်း..
အခန်းပြင်ထဲ ခပ်ကုပ်ကုပ်နဲ့ ပြန်ကျုံ့ဝင်ခဲ့ရ.....
အိပ်မောကျသံတွေကြားထဲ...
ငုတ်တုတ်ထိုင်ရင်း...
အလွမ်းတွေကို စောင်ထူထူ ပြန်ပတ်ထားရင်းနဲ့ပေါ့.....။






ရန်ကုန်ဆောင်း
ပြတင်းပေါက် ဘောင်တွေ ကြားထဲက..
တိုးခတ်လာတဲ့ လေအေးတွေက..
အခန်းပြင်တခုလုံးကို စိမ့်နေစေတယ်...
နှင်းခိုးတွေ ပေကျံနေတဲ့..
မှန်တံခါးချပ်တွေကို ကျော်လွန်ဖို့..
စိတ်ကူးတွေက တွန့်ဆုတ်နေကြတယ်...။
မျက်နှာကျက် မီးချောင်းပေါ်က
အလင်းဖွေးတွေက ငုတ်တုတ်ထိုင်နေတဲ့ ကိုယ်ပေါ်
(အလိုက်ကန်းဆိုးမဲ့စွာ)
သွန်းလောင်းနေကြတယ်..။
ဝန်းကျင်တခုလုံး လုံခြုံအောင် ကွေးနေချိန်မှာ...
ကိုယ်ကတော့ လက်ဖျားအေးလေးတွေနဲ့..
ချစ်သူဓာတ်ပုံကို ထုတ်ထုတ် ကြည့်တာ..
အကြိမ်ပေါင်း ၆၀၀ မကတော့ဘူး..။
ဝရံတာဘက်ထွက်ပြီး... လရိပ်ခိုနေလိုက်ရဲ့....
သစ်ပင်ရဲ့ လက်တံဖားတွေ ပေါ်က...
ကျတဲ့ နှင်းစက်တွေက ခေါင်မိုးစွန်းပေါ်....
သံစဉ်တခုအလား တီးခတ်နေကြတယ်....။
အိမ်ရှေ့လမ်းမ ရှည်ရှည်ကတော့...
ဘာသိဘာသာပါပဲ..။
ဒီလိုနဲ့....
အေးလွန်းတဲ့ ဆောင်းဒဏ်ကြောင့်..
ဟပ်ချိုးတချက် ချေရင်း..
အခန်းပြင်ထဲ ခပ်ကုပ်ကုပ်နဲ့ ပြန်ကျုံ့ဝင်ခဲ့ရ.....
အိပ်မောကျသံတွေကြားထဲ...
ငုတ်တုတ်ထိုင်ရင်း...
အလွမ်းတွေကို စောင်ထူထူ ပြန်ပတ်ထားရင်းနဲ့ပေါ့.....။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
January 11, 2008 at 10:05 PM
စောင်ထူထူမကဘူး စောင်ကြီးကြီးပတ် ဒါမှ တကိုယ်လုံးလုံမှာ .
January 12, 2008 at 10:05 AM
ဟီး ...တရုတ်စောင် ပွကြီးတွေလောက်မှ လုံမယ် ထင်တယ် မပန်ရေ.... အလွမ်းက နဲနဲကြီးနေတော့ ဟတ်ဟတ်.... :)
January 12, 2008 at 12:06 PM
မိုက်တယ်ကွာ.. ရန်ကုန်မှာအဲလောက်တောင်အေးနေသကိုး..
ဟပ်ချိုးချေရင်းနှပ်မထွက်ဘူးလားဟင် .. ခွိခွိ..
စောင်ကိုလုံအောင်ခြုံနော်.. စောင်ကခြုံဖို့လေ.. ပတ်ဖို့ဟုတ်ဘူး.. မှားနေတယ် :D