twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ဟိန္ဒူမီးနင်းပွဲတော်

တနေ့က ထမင်းစားချိန်ကြီး ဆားဗစ်ပလပ်စ် ရုံးခန်းဘေး ကုလားဘုရားကျောင်းက ဒုံးချမ်း ဒုံချမ်း ဆိုတော့ ဘာလဲဆိုပြီး ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်တော့ ဟိန္ဒူမီးနင်းပွဲတော် ကနေတာ တွေ့တာနဲ့ ကိုဂေါက်က ဟေ့ မင်းယွန်းဟောင်း ကင်မရာ ယူခဲ့ချည် အောက်ဆင်းပြီး မန်းသွားစားရင်း ရိုက်မယ် ဆိုတော့ ကျွန်တော့် ကင်မရာလေးနဲ့ ရိုက်ထားတဲ့ပုံတွေပါ။ မီးနင်းမယ့် ပုဂ္ဂိုလ်တွေက အပ်ချောင်းကြီးတွေအများကြီးကို အသားထဲထိုးစိုက်ပြီး အပေါ်ဘက်မှာ ပန်းဖွားအလှတွေနဲ့ ဘုရားပုံတွေ လဲ ပါရဲ့။ အပ်စိုက်ထားတဲ့ လျှာတွေ သူတို့ခန္ဓာကိုယ်တွေကို ကြည့်ပြီး.. အော် သူယုံကြည်မှုနဲ့သူတော့ ဟုတ်နေတာပဲ ဟုတွေးမိသည်။ ကဲ အထွေ အထူးပြောတော့ပါဘူး ရှုစားတော်မူကြပါ။ :)



စီတန်းပြီး ဘုရားကျောင်းထဲ အလှည့်ကျဝင်ဖို့ စောင့်နေကြသူတွေ




ဒီလို တီးမှုတ်ကခုန်ကြသေးတယ်



လျှာမှာလဲ အပ်ထိုးထားသေးရဲ့ (အီး ကြက်သီးထလိုက်တာနော်)

ကိုယ်မှာလဲ အပ်တွေနဲ့ဗျာ


ဘာပဲဖြစ်ဖြစ် သူ့ရိုးရာ သူ့ဓလေ့ပေါ့လေ။ ဗဟုသုတတော့ ရတာပေါ့။ အဟီး ကြက်သီးလဲ နဲနဲ ထတယ် သူတို့ အပ်စိုက်ထားတာတွေ ကြည့်ပြီး....။ :)

Read Users' Comments (1)comments

1 Response to "ဟိန္ဒူမီးနင်းပွဲတော်"

  1. သဇင်ဏီ says:
    January 29, 2008 at 11:50 AM

    ပုံများများတော့မတင်ဘူး.. :)
    ဒီက ကုလားမီးနင်းပွဲဆို ကြည့်ရတာ အသေကြိုက်တာ
    သူတို့ တီးလုံးတွေက စိတ်ကိုမြူးကြွစေတယ်..