twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

အဘိဓာန်အိပ်မက် မက်တဲ့ကောင်လေး

ငါဟာ အူကြောင်ကျား တနင်္ဂနွေကောင်ပါ…
ကြာတော့လဲ
ငါ့ကြေးခွံ ခပ်ဝန်းဝန်းတွေ တွန့်တွန့် ပြရတာ
ရှက်လာပြီ….
မိုးခေါင်နေတဲ့.. ငါ့လွင်ပြင်ကို အနည်းငယ်
စွတ်စိုဖို့လောက် ကြံစည်မိပါရဲ့….
ဘယ်ချိန်ကန္တာရ ဖြစ်သွားမှန်းမသိလိုက်ဖူး…
သွန်းဆစ်ဖူးသမျှ ငါ့စိတ်ကူးတွေလဲ ပြတိုက်တစ်ခု
စာလောက်တောင် ရှိသွားခဲ့တာ ခုမှ သတိထားမိရဲ့…
ငါဟာ.. တကယ့်ကို သောက်သုံးမကျတဲ့
နွေဥတုဖြစ်လွန်းလို့ ငါ့ကိုယ်ငါ မိုးမွှန်အောင် ကျိန်ဆဲနေမိတယ်..
စုတ်ပြဲသွားတဲ့ ငါ့စာမျက်နှာတွေ ကို..
ငါမီးမြှိုက် သဂြိုလ်ပစ်ဖို့တောင် ကောင်းရဲ့….
ဒါပေမယ့်.. ငါစက်ဆုပ်တဲ့ ငါ့ကိုယ်ငါကို….
ငါမြှုပ်နှံပစ်ခဲ့ပြီး…. ငါ့ကိုယ်ငါ ပြန်ငုံကြည့်လိုက်တယ်..
မထင်မှတ်ပဲ အဲဒိကောင်က မျက်ရည်တွေ စို့ပြီး
သူ့ရင်ဘတ်က လှိုက်ဖိုခုန်နေဆဲ…။
တောက်…….
ဘယ်လောက်တောင်များလဲ…..
ငါဟာ ခုထိ အမှတ်မရှိသေးတဲ့မျက်လုံးအိမ်ထဲက
မျက်လုံးအစုံနဲ့ ခံစားတတ်တဲ့ နှလုံးသားကို ဖောက်ထုတ်ပစ်ခဲ့တာတောင်
အဲဒိ…
သုညလက်ဖ၀ါးမှာ
နှစ်မြို့ခြင်း တွေ စွန်း…ထင်း…..လို့…..။

Read Users' Comments (1)comments

1 Response to "အဘိဓာန်အိပ်မက် မက်တဲ့ကောင်လေး"

  1. ပန်းခရေ says:
    January 30, 2008 at 1:31 PM

    ဒါပေမယ့်.. ငါစက်ဆုပ်တဲ့ ငါ့ကိုယ်ငါကို….
    ငါမြှုပ်နှံပစ်ခဲ့ပြီး…. ငါ့ကိုယ်ငါ ပြန်ငုံကြည့်လိုက်တယ်..
    မထင်မှတ်ပဲ အဲဒိကောင်က မျက်ရည်တွေ စို့ပြီး
    သူ့ရင်ဘတ်က လှိုက်ဖိုခုန်နေဆဲ…။
    တောက်…….
    ဘယ်လောက်တောင်များလဲ…..
    ငါဟာ ခုထိ အမှတ်မရှိသေးတဲ့မျက်လုံးအိမ်ထဲက
    မျက်လုံးအစုံနဲ့ ခံစားတတ်တဲ့ နှလုံးသားကို ဖောက်ထုတ်ပစ်ခဲ့တာတောင်
    အဲဒိ…
    သုညလက်ဖ၀ါးမှာ
    နှစ်မြို့ခြင်း တွေ စွန်း…ထင်း…..လို့…..။
    -------------------
    နှစ်မြို့ခြင်းတွေ ..စွန်းထင်နေတဲ့ သုညလက်ဖ၀ါးလေးကို
    ဆုပ်ကိုင်ခွင့်ရတဲ့သူကတော့
    ကံကောင်းမှာပေါ့...မင်းယွန်းရယ်...