ယွန်းကို သေစေညွှန်းရော့သလား
“ကလင်.. ကလင်”
“ဟဲလို.. အန်တီလား ပြော.. သားပါ..”
“ဗျာ... သတင်းစာမှာ ပါလာပြီ.. ညက်ချွာဖရား...”
“ဟုတ်လား.. ကြည့်လိုက်အုံးမယ်..ဗျာ....”
အောင်မြတ်လေး ကျွန်တော့်အဒေါ်က ဖုန်းနဲ့လှမ်းဆက်တယ်.. သတင်းစာထဲမှာ စာမေးပွဲဖြေရမယ့် ရက်ကြေငြာပြီတဲ့ ပြီးခဲ့တဲ့လက ဖြေလုဖြေခင် ရွှေ့လိုက်တဲ့ စာမေးပွဲ.. ခုပြန်ဖြေရတော့မယ်တဲ့...။ အီး.... :( စာတွေပစ်ထားတာ ကြာပြီ.. ဒွတ်ခပဲ... ၂၁ရက်နေ့ကနေ ၂၉ ရက်ထိ ဖြေရမယ်တဲ့... အဟင့် မွေးနေ့ကနေ စဖြေရမှာပဲ.. မွေးနေ့ပွဲကဲလို့ မရတော့ပါဘူး.. အီးဟီးဟီး..။ ဒီတပတ်တော့ သေအောင် ကျက်ပေရော့ပဲ..။ အောင်မြတ်လေးလေး... ရင်လေးစရာပါလား... IADIC စာမေးပွဲကလဲ ဒီဇင်ဘာ လစမ်း ဖြေရမယ်တဲ့..။ စာမေးပွဲပြီး စာမေးပွဲပါလား... သေတော့မှာပဲ...။ အို Buddha ၊ Jesus ၊ အလ္လာ ကယ်တော်မူပါ...။ ရင်နာနာနဲ့ ဘလော့လေးကို ပစ်ထားရတော့မှာပဲ..။ အီး ဟီးဟီး ကယ်တော်မူကြပါ.... ဗြဲ...... :'(.....

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
November 10, 2007 at 8:46 PM