ညဈေးသည်
ဖိုးရိုးဖားလျား သက္ကာယတွေ..
ဝမ်းစာရဲ့ကျောပေါ် ဖားလျားချ…
မီးဝင်းဝင်းတောက်နေတဲ့..
မောဟတွေ ဖားဖို တခုလိုပဲ..
ကျုံ့ကျုံ့ရုံ့ရုံ့ ..
အပေါစား မိတ်ကပ် အပေအကျံနဲ့
အပေါစားပြုံးပြတော့ သူ့အတွေးတွေလဲ
အပေါစားဆန်သွားလိုက်တာ..
(ယုံတောင် မယုံနိုင်ဘူး)
တဒင်္ဂလှစ်ပြတဲ့ မာယာကို..
ဘီလူးတစ်ကောင်လို ရက်စက်စွာ စားသုံး
သူ့သိက္ခာတွေ တုံးလုံးဖြစ်သွားတယ်….
……..
တရေးနိုးတော့
အပေါ်ရုံ `ဂုဏ်´ကို ပြန်ရုံ..
အတုအယောင် ခန်းမထဲက ထွက်..
………….
သက်ပြင်းရေးရေးလေး ချလိုက်ရဲ့…
အပြင်ဘက်မှာလဲ သားရဲ ဟိန်းသံတွေ
ညံလို့ပေါ့…..။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
0 Response to "ညဈေးသည်"
Post a Comment