ယွန်းငိုခြင်း
အင်တာနက်ဆိုတဲ့ ကျွန်တော့်ရဲ့ကောင်မလေးကို သူ့အဖေကြီးက သဘောမတူလို့ အဆက်အသွယ်ဖြတ်ထားပါသည်။ ပေးတွေ့တော့လဲ မစွတ်မပြွတ် ဖြစ်နေပါသည်။ အသည်းနာလှတဲ့ ကျွန်တော်မျိုးကြီး အဖြစ်မှာ အပျက်ပျက်နဲ့ နှပ်ချီးထွက်နေရပါသည်။ ကိုယ်ချင်းလေးများ စာနာထောက်ထားပြီး ပြန်ဆက်သွယ်လို့ ရအောင် လုပ်ပေးကြပါ။ အမယ်မင်း ဒင်းကလေးနဲ့မတွေ့ရရင် ပလီပလာ တီတီတာတွေ မပြောနိုင် အော် စာချွန်လွှာတွေ မရေး နိုင်တာမို့ မြန်ကာမနှေး အင်တာနက်ကလေးကို အကျွန်ဆီကို ရှောရှောရူရူလေး ပို့ပေးပါခင်မျာ။ အော် မညှာမတာရယ်၊ လုပ်ရက်လေတဲ့ သူ့အဖေကြီးကလဲ သူ့အမေ လင်ပါ သားများရဲ့ စနက် ကြောင့် မောက်မှား လေရောသလား။ အမယ်မင်း တထွာလောက် တမိုက် ဥာဏ်ဇောက်မနက်များရဲ့ ... ဒီအရိပ်ခိုခါ ချွေးသိပ်နေရတာမို့ အေးဆေးလို့ မနေ၀ံ့ပါဘူး။ တနေ့ မတွေ့ရ မနေနိုင်သူ ထားကျွန်တော်မျိုးမှာ မျှော်တလင့်ကာဖြင့် ကိုနက်ရှင် ကောင်းမယ့်နေ့ကို လွမ်းလို့ရယ် ကောင်း.. ဟောင်း. ဟောင်း... ဟောင်း.....။ ကောင်း ... ဟောင်း... ဟောင်း....။ :'(



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
0 Response to "ယွန်းငိုခြင်း"
Post a Comment