twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

သာသနာ့အလံ


သာသနာ့အလံကို သီရိလင်္ကာနိုင်ငံမှာ ၁၈၈၅ ခုနှစ်မှာ စတင်တီထွင်ခဲ့တယ်လို့ အဆိုရှိပေမယ့် ကနဦး တီထွင်တဲ့ လူက ဘယ်သူဘယ်ဝါဆိုတာ ခုထိအငြင်းပွားနေကြတုန်းပါပဲ။ ထားပါတော့ ဘယ်သူတီထွင် တီထွင် အရေးမကြီးဘူးလို့ ထင်ပါတယ်။ အဓိကက သာသနာ့အလံရဲ့ မြင့်မြတ်ပြီးလေးနက်တဲ့ အဓိပ္ပါယ်က ပိုအရေးပါပါတယ်။ ဒီတော့ သာသနာ့အလံကို ဘယ်လို အဓိပ္ပါယ်တွေနဲ့ တီထွင်ခဲ့လဲဆိုတာ ကျွန်တော်လေ့လာထားသလောက် ဗဟုသုတ အဖြစ်တင်ပြပေးမှာပါ။ ဒါပေမယ့် ကျွန်တော်တခု ကြိုတင်ပြောလိုတာက ကျွန်တော်တင်ပြတဲ့ အချက်အလက်တွေထဲက လွဲချော်နေတဲ့ အချက်များ တွေ့ခဲ့ရင် တတ်သိနားလည်သူတွေက ပြင်ဆင် ဝေဖန်ထောက်ပြနိုင်ပါတယ်လို့ ပြောပါရစေ။ အမှားပါသွားရင် မှတ်သားတဲ့သူတွေလဲ အမှတ်မှားသွားမှာစိုးလို့ပါ။ ကျွန်တော် တတ်နိုင်သလောက် ရှာဖွေတင်ပြလိုက်ရပါတယ်။





















      ငြိမ်းချမ်းခြင်း၊ မေတ္တာ၊ ဂရုဏာ
      အစွန်း၂ဖက်ကို ရှောင်ကြဉ်ခြင်း၊ သုညတ
      အကျင့်သီလ၊ သိက္ခာ၊ သမာဓိ ကိုကိုင်းရှိုင်းခြင်း
      ဓမ္မ၏ စင်ကြယ်ခြင်း
      သဗ္ဗညုတဉာဏ်တော်ရှင် ဗုဒ္ဓမြတ်စွာ၏ သစ္စာလေးပါးတရားတော်

စသည်တို့ကို ကိုယ်စားပြုပါတယ်။ ပြီးတော့ ဗုဒ္ဓရဲ့ ကိုယ်ရောင်ကိုယ်ဝါ ရောင်ခြည်တော်များကိုလဲ ကိုယ်စားပြုတာဖြစ်ပါတယ်ခင်ဗျာ။ဒါကတော့ ဗုဒ္ဓသာသနာ့ အလံရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်များပဲ ဖြစ်ပါတယ်။ သာသနာ့ အလံကို တွင်တွင်ကျယ်ကျယ်သုံးနေကြပေမယ့် အဓိပ္ပါယ်သေချာမသိသေးတဲ့သူများအတွက် ရည်ရွယ်ပါတယ်။ လေးနက်တဲ့ အဓိပ္ပါယ်ဆောင်တဲ့ သာသနာ့အလံဟာ ဗုဒ္ဓသာသနာရဲ့ ပြယုဂ် အမှတ်အသားတခုပဲဖြစ်ပါတယ်။ ဗုဒ္ဓ ဘာသာကို မိရိုးဖလာမှ လွတ်အောင် ကျင့်ကြံနိုင်ကြပါစေ။ ဗုဒ္ဓသာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ပါစေ။ ငြိမ်းချမ်းပါစေ မြန်မာပြည်....။

မေတ္တာစေတောဝိမုတ္တိ...
မင်းယွန်းသစ်

Read Users' Comments (1)comments

1 Response to "သာသနာ့အလံ"

  1. . says:
    December 20, 2007 at 10:53 PM

    အခုမှ ရောက်လို့ လျှောက်ဖတ်နေတယ်။ ;-) ။ ဗဟုသုတ၊ ရသ အကုန်သိရလို့ ကျေးဇူးပါ။