Ten things I hate about myself
၁။ အပျင်းထူလွန်းသော အကျင့်၊
၂။ ဒေါသဖြစ်တဲ့အခါ အဆင်အခြင်မဲ့ခြင်း၊
၃။ မလည်ရှုပ်လုပ်ပြီး ကိုယ့်ဇာတ်ကို နိုင်အောင် မကနိုင်ခြင်း၊
၎။ ခေါင်းမာ၊ တဇွတ်ထိုး လုပ်တတ်သော အကျင့်၊
၅။ နေရာတကာ လိုက်အားနာပြီး သူများအရှုပ်တော်ပုံတွေ လိုက်ရှင်းပေးတတ်ခြင်း၊
၆။ အစားအသောက်ခုံမင်တတ်သော အကျင့်၊
၇။ ဟိုစပ်စပ် ဒီစပ်စပ် လုပ်ပြီး ဘယ်အရာမှ စွဲစွဲမြဲမြဲ မလေ့လာတတ်တဲ့ အကျင့်၊
၈။ အမြဲတမ်းအပျော်အပါးမက်နေတတ်တဲ့ အကျင့်၊
၉။ အမြဲတမ်း နောက်ကျတတ်တဲ့အကျင့်၊
၁၀။ တခုခုကို စွဲလမ်းမိပြီဆို အလွန်အကဲ နက်နက်ရှိုင်းရှိုင်း ခံစားတတ်ခြင်း။
ကဲကျွန်တော့်ကို ကိုလင်းဦးတက်ဂ်လို့ ကျွန်တော်ရေးပြီးပါပြီ။ ဒါတွေကတော့ ကျွန်တော် မကြိုက်သော ကျွန်တော့်အကျင့်ဆိုး ၁၀ချက်ပါ။ အမှန်ဆို ရေးချပြရင် ဒိထက်တောင် များသေးတယ် (ကိုယ့်ကိုယ်ကို ဘယ်တော့မှ ဘ၀င်ကျတာ မဟုတ်ဘူး)။ :) လူဆိုတာ ဘယ်သူမှ ပြီးပြည့်စုံနေတဲ့သူ မရှိဘူးလေ..။ အဟဲ ကျန်တဲ့သူတွေကို နာမည်တပ်ပြီး တက်ဂ် ချင်ပေမယ့် ပြောပြချင်မှန်း မသိ မပြောပြချင်မှန်း မသိဆိုတော့ ကိုရန်လုပ်သလိုပဲ ဒီပို့စ်လေးကို ဖတ်မိတဲ့သူတွေအားလုံးကို တက်ဂ်ပါတယ်နော်။ သူငယ်ချင်းတို့ ရေးရတဲ့အခါ မောင်မင်းယွန်း တက်ဂ်လို့ ရေးရပါတယ်လို့ ပြောလိုက်ပေါ့။ အဟတ် :)

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
November 26, 2008 at 12:31 PM
ခေါင်းမာတယ်လား။ အဟဲ တူတော့ တူတယ်နော်။ အစားအသောက်လည်း လျှော့်စားပါဦး :)
November 26, 2008 at 12:35 PM
မလည်ရှုပ်လုပ်ပြီး ကိုယ့်ဇာတ်ကိုမနိုင်ဘူးဆိုတာ.. ဂျာလဲဟင်? နံပါတ် ၂ နဲ့ ၁၀နဲ့က ငါနဲ့တူတူပဲ...
November 26, 2008 at 1:13 PM
ဒီလို မဗေဒါရေ ကျွန်တော်ဆိုတဲ့ကောင်က မလည်လဲ မလည်ဘူး လူလည်လဲ လုပ်ချင်သေးတယ် ဇာတ်လမ်းတွေထွင်ပြီးရင် ကိုယ့်ဇာတ်ကိုယ် မနိုင်တာကို ပြောတာ...ဟီးဟီး :D
November 27, 2008 at 1:10 PM
တစ်မိနစ် နောက်ကျသွားပြီး ကားကြီးထွက်လို့  သွားပြီး ပေါ်ပူးးးးးးးးးးးး =) လူဆိုတာ ဘယ်သူမှ ပြီးပြည့်စုံနေတဲ့သူ မရှိဘူးလေ.. ဆိုတာလေးနဲ့ ပဲ မုန်းတဲ့အချက်တွေက ကိုယ်တိုင်ပိုင်ဆိုင်နေတော့လည်းးး ဒီလိုပဲပေါ့ ဟုတ်ဘူးလားး သယ်ရင်းးး