Meet the Mg Myo
“ကလင် ..ကလင်..”
“မင်းယွန်းလား... ငှါ မှောင်မျိုးပါ. ငှါ ရန့်ကုန် ရောင်းနေး တယ်”
မောင်မျိုးရဲ့ မွန်သံဝဲ၀ဲ အသံနဲ့ ကျွန်တော့်ဆီဖုန်းဆက်လာပါတယ်။ သူက ရန်ကုန်ရောက်နေတာ နှစ်ရက်ရှိပြီး ကျွန်တော့်ကို ပြန်မယ့် နေ့မှ ဖုန်းဆက်လေရဲ့။ ဒါနဲ့ မင်းဘယ်ချိန်ပြန်မှာလဲဆိုတော့ ကားလက်မှတ်က ကားဂိတ်ရောက်မှ ဖြတ်လို့ရတယ်ဆိုတော့ နေအုံးကွာ မင်းကလဲ ရောက်တာ ငါ့ကို စောစောစီးစီး မပြောဘူး ညနေမှ ပြန် ငါလိုက်ပို့ပေးမယ်။ ဒါနဲ့ ကျွန်တော်လဲ သူနဲ့ ချိန်းပြီး ပန်းဆိုးတန်းက Moon ကို လိမ့်ရတာပေါ့။ မွန်းကိုရောက် ခဏ ကြာတော့ ကြောင်ကလေး ရောက်လာရော သူ့ဘေးမှာတော့ သူငယ်ချင်းတစ်ယောက်နဲ့ (နောက်မှ သူမိတ်ဆက်ပေးလို့ သိရတာက ဘလော့ကာ ပိစိn-ight.blogspot.com)။ ကြောင်မျိုးက အပြင်မှာ ဓာတ်ပုံထဲကလိုပဲ ပိန်ပိန်ပါးပါး ပြီးတော့ နှုတ်ခမ်းမွှေး ကားကားနဲ့ ပြောလို့ပြောတာ မဟုတ်ဘူး ခေါင်းပေါင်းဆောင်းပေးလိုက်ရင် သမိန်ပေါသွပ်ပဲ ငှက်ငှက်။
ဒါနဲ့ အအေးထိုင်သောက်ကြရင်း မနေ့ညက လွတ်သွားတဲ့ ပွဲအကြောင်းပြောတယ်။ ဟုတ်တယ် ကျွန်တော့်ဆီ မလာခင် တညက ဆိုင်ခရွှန်၊ ပိစိ၊ မောင်မျိုးတို့ ကြိတ်ဝိုင်းလေး လုပ်သွားတယ်တဲ့။ ဟင်းဟင်း ကြောင်ကလေး ဒီတစ်ခုတော့ ငါတင်းတယ်။ ပြီးတော့ ကျွန်တော်တို့ နက်ဆိုင်သွားကြတယ်။ နက်သုံးကြပြီးတော့ ရွှေမြို့တော်မှာ ချစ်တီးထမင်းသွားစားကြတယ်။ ပြီးတော့ ပိစိနဲ့ လမ်းခွဲ ကျွန်တော်နဲ့ မောင်မျိုးက အောင်မင်္ဂလာကို တက္ကစီနဲ့ ဒိုးကြတယ်။ စကားတွေလဲ အများကြီးပြောဖြစ်တယ်။ ဒီနေရာမှာ တခု ထူးခြားတာ ပြောချင်တာက ဘလော့ရပ်ဝန်းက လူတွေ အပြင်မှာတွေ့ကြရင် ဟိုးအရင်က ပေါင်းလာခဲ့တဲ့ ငယ်ပေါင်းကြီးဖော်တွေလိုပဲ တရင်းတနှီး ဖြစ်နေတယ်။ ဒါက ကျွန်တော်တို့ လောကရဲ့ ချစ်စရာခင်စရာ ကောင်းတဲ့ ဓလေ့လေးပဲ။ တကယ်ပါ မမြင်ဖူးရသေးတဲ့ အွန်လိုင်းမှာပဲ ခင်ရသေးတဲ့ သူများလဲ ရန်ကုန်လာရင် သံချောင်းခေါက်နိုင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့နဲ့ ပေါင်းရင် ပျော်သွားပါလိမ့်မယ်။ နောက်တခါ ပြည်ပက ဘလော့ကာတွေ ရန်ကုန်လာကြရင် တိုးတိုးတိတ်တိတ် မလာနဲ့နော်။ ကျွန်တော်တို့ကို ဆက်သွယ်ပါဗျာ။ ကျွန်တော်တို့ ကြိုတန်ကြို၊ လိုက်ပို့တန် လိုက်ပို့ပါ့မယ်ဗျ။ သူငယ်ချင်းအချင်းချင်းတွေပဲ ခင်ခင်မင်မင်ပေါ့။
ကြောင်ကလေးပုံများ ရှုစားကြပါကုန်။

ကြောင်မျိုးဆိုတာ သူ...သူ..။

ဆိတ်နဲ့ဆင် သူငယ်ချင်းတွေပေါ့..။ဟတ်ဟတ်

ကြောင်မျိုးနဲ့ ပိစိ :P

ကျုပ်တို့ရွာမှာ ချစ်တီးထမင်းချိဘူးဂျ ဟိဟိ

လာမလုစားနဲ့နော်....

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
December 1, 2008 at 12:53 PM
ငါ စကားပြောတာ ၀ဲနေတယ်လား သိပါဘူးးး) မင်းနဲ့ တွေ့ ရတာ စိတ်ချမ်းသာတယ် ၀တဲ့သူတွေက ပျော်၂နေတတ်သလားလို့ တောင်ထင်တယ် ဟဲဟဲ ဘာမှမတူပေမယ့် ငါတို့  ခင်ခဲ့ကြတာ အမှတ်တရပဲ ဘလော့ဂါတစ်ယောက်ဖြစ်ရတာ ဂုဏ်ယူမိတယ် ကျေးဇူး ၀က်ကလေးးး