twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ကိုရီးယားကိုက်နေသည်

ခုရက်ပိုင်း အိပ်ရေးတွေပျက်တယ်ဗျာ ညဆိုလဲ ညဥ့်နက်မှ အိပ်ဖြစ်တယ်။ မနက်ဆို ၈နာရီခွဲလောက်မှနိုးတော့တယ်။ အဟတ် မောင်မင်းယွန်းတစ်ယောက် စာမေးပွဲနီးလို့ စာတွေကျက်နေတယ်တော့ မထင်လိုက်နဲ့.။ ကိုရီးယားခွေတွေ ၀ယ်ကြည့်နေတာဗျို့။ ဇာတ်လမ်းစတာက ကျွန်တော့်ညီမကပေါ့။ သူက အခုမြန်မာ့ရုပ်မြင်သကြား မှာလာနေတဲ့ စူပါမင်းနဲ့မာနရှင် ဆိုတဲ့ကားကို ကြည့်ချင်ပါတယ်ဆိုလို့ ကျွန်တော့်ကို လူကြုံမှာလိုက်တာ တနေ့က ခွေဆိုင်သွားတော့ သူမှာတဲ့ခွေရွေးရင်း တခြား ခွေတွေပါ ၀ယ်လာဖြစ်တယ်။ စူပါမင်းနဲ့မာနရှင် (Witch Yoo Hee)ပြီးတော့ ကော်ဖီချစ်သူ (coffee prince) ကိုဝယ်လာတယ်။ ကော်ဖီချစ်သူကတော့ တပိုင်းတစကို ကျွန်တော့်အဒေါ်အိမ်မှာ ကြည့်ဖူးတာနဲနဲတော့ ကြာပြီ။ ဒါပေမယ့် တ၀က်တပျက်ပဲ ကြည့်လိုက်ရတော့ အာသာမပြေဘူး။ ကော်ဖီချစ်ထဲက မင်းသမီးက ကျွန်တော်အရမ်း ကြွေတဲ့ ယွန်းအွန်ဟေး ပါတယ်လေ။ Princess Hour ထဲကမင်းသမီးပေါ့။ ဒီကားထဲမှာ သူက ယောက်ကလျှာ ပုံစံ လုပ်တာ။ တလွဲတချော် ပြောင်စပ်စပ် သရုပ်ဆောင်မှုတွေက အရမ်းအသဲယားဖို့ကောင်းတယ်ဗျာ။ :P အခုဆိုညပိုင်းတွေမှာ တီဗီကလာတဲ့ ကားတွေတောင် မကြည့်တော့ဘူး။ အိမ်မှာ ကျွန်တော့်ညီမနဲ့ တလှည့်စီကြည့်ကြတယ်။ ညနေပိုင်းကနေ ည၈နာရီလောက်ထိ စူပါမင်းနဲ့မာနရှင် (Witch Yo Hee) ကိုကြည့်ပြီး၊ အဲဒိနောက်ပိုင်းမှာ ကျတော့ ကျွန်တော့်ကော်ဖီချစ်သူကို ကြည့်တယ်။ ညဘက်မေမေက ဟဲ့အိပ်ကြတော့ ဆိုမှ အိပ်ဖြစ်တယ်။ အဟီး။ မနေ့ကလဲ ညီမလေးပေါ့ ကိုရီးယားခွေတွေ ထပ်ဝယ်လာပြန်ပြီ။ အင်း ကိုရီးယားကားဆိုတာကလဲ ကြည့်မိရင် မပြီးတော့ဘူး ဆက်ကြည့်ရမှလေ အဟတ်။ မောင်မင်းယွန်းတစ်ယောက် ကိုရီးယား ရောဂါရနေပြီဗျို့။ ကြုံတုန်း ကျွန်တော်စုဆောင်းထားတဲ့ အွန်ဟေးပုံလေးတွေ မျှဝေလိုက်တယ်နော် ဒါတောင် နဲနဲပဲရှိသေးတယ် အိမ်က စက်ထဲမှာ အများကြီးကျန်သေးတယ် :)။ She is so.........cute!!! :P

















Read Users' Comments (2)

2 Response to "ကိုရီးယားကိုက်နေသည်"

  1. Anonymous Says:
    November 7, 2008 at 11:56 AM

    ငါလည်းကြည့်တယ် မာနရှင်ကား မိုက်သား ဒီမင်းသမီးလေးက နန်းတွင်းကားမှာ သရုပ်ဆောင်ထားတာ ချစ်ဖို့ တော်တော်ကောင်းတယ် ။

  2. Minn Yoon Thit says:
    November 7, 2008 at 12:57 PM

    လန်းတယ်နော် အဲ့ဒိမင်းသမီးလေးကို လူတိုင်းခိုက်ကြတယ်။ ကိုအာလူးဆီမှာလဲ သူ့ဓာတ်ပုံတွေရှိသေးတယ်။ :)