twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ကိုယ့်အရပ် ကိုယ့်ဇာတ်

တဘက်က လယ်တအုပ်...
တဘက်ကလဲ ကောက်ရိုးတဆုပ်
အိုးပုပ်ချိုးရုပ် လုကြတဲ့ပွဲ...
လဲသူကလဲ.... ကွဲသူကွဲ....
ကုလားမနိုင် ရခိုင်မဲလိုမဲ...
သွားကကျဲကျဲ... မျက်စိကမွဲ
အများကအော်လို့ဆဲ...
မလိမ်မိုး မလိမ်မာတွေ နှုတ်လန်ထိုးကြတဲ့ပွဲ....
မမှန်မဟုတ် လန်ကြုတ် ကြတဲ့ ပွဲ
မြေဇာပင်တွေ အနင်းခံရတဲ့....ပွဲ
ပဋာစာရီတွေ ပလူးမြေခကြရတဲ့ပွဲ....
အရူး ဘုံမြောက်တဲ့သူတွေနဲ့
မထူးပုံပေါက်တဲ့လူတွေရဲ့လုပွဲယက်ပွဲ..
အပြုစကားတွေနဲ့ မုသားတွေ လှလှကြီး သုံးတတ်ကြတဲ့
အတ္တပေါတွေရဲ့ ကျပန်းစကားပြောပြိုင်ပွဲ...
နားကလောစရာ အများပြောလာတဲ့
စည်းရိုးအပြင်က ဖက်ရှင်သမားတွေရဲ့
ခပ်ကဲကဲ ဂရုဏာတော်တွေ အထွေးလိုက် သွန်မှောက်ချပြတဲ့ပွဲ...
အိမ်ကြက်တွေရဲ့ မြိန်ရည်ယှက်ရည် အိုးမဲသုတ်ကြတဲ့ပွဲ...
ရီစရာ၊ ပလီပလာ၊ မျက်ရည်လည်ရွှဲ၊
တခါတလေ နက်နက်နဲနဲ..၊ တခါတလေနင့်ခနဲ၊ တခါတလေ မချင့်မရဲ..
ရသပေါင်းစုံနေပြီး ကိုယ့်အရပ် ကိုယ့်ဇာတ်နဲ့
ကိုယ့် မင်းသား၊ မင်းသမီးကြီးတွေ မနားတမ်း ကပြနေကြတဲ့
အော်...ကျုပ်တို့ မြို့ရဲ့... ပဒေသာပြဇာတ်သဘင်ပွဲ...။

Read Users' Comments (2)

2 Response to "ကိုယ့်အရပ် ကိုယ့်ဇာတ်"

  1. ပန်းခရေ says:
    November 28, 2008 at 4:09 PM

    တခါတလေ နက်နက်နဲနဲ..၊ တခါတလေနင့်ခနဲ၊ တခါတလေ မချင့်မရဲ..
    ရသပေါင်းစုံနေပြီး ကိုယ့်အရပ် ကိုယ့်ဇာတ်နဲ့
    ကိုယ့် မင်းသား၊ မင်းသမီးကြီးတွေ မနားတမ်း ကပြနေကြတဲ့
    အော်...ကျုပ်တို့ မြို့ရဲ့... ပဒေသာပြဇာတ်သဘင်ပွဲ...။
    ရေးသမျှကဗျာထဲမှာ ဒါလေးကောင်းတယ်
    အားပေတယ်သယ်ရင်းဆက်ရေး

  2. Minn Yoon Thit says:
    November 29, 2008 at 9:39 AM

    ပေခရမ်းရေ... ငါရေးတဲ့ကဗျာထဲမှာ ဒီတပုဒ် အကောင်းဆုံးလို့ နင်ပြောတာ ကဗျာပေါင်း ၃ ၊ ၄ ပုဒ်လောက်ရှိပြီ.. ဟတ်ဟတ်။ ဘာပဲဖြစ်ဖြစ် ကောမန့်လာပေး လို့ ကျေးဇူး..။ :P