Forward mail ထဲကစာများ
မပြောချင်ပေမယ့် ပြောရအုံးမယ်။ အခုတလော ကျွန်တော့်အီးမေးလ် ထဲကို ဖော်ဝေါ့တ် လုပ်တဲ့ မေးလ်တွေ တော်တော်များများ ၀င်တယ်။ ၀င်လာတဲ့ စာတွေထဲက တချို့ဟာ ကျွန်တော်တို့ ဘလော့ရေးဖော်ရေးဖက် တွေရဲ့ လက်ရာ တွေကို အခွင့်မရှိပဲ လက်ဆင့်ကမ်းပို့ပြီး အောက်မှာ စာရေးသူ နာမည်လေးတောင် ထိုးမထားကြတဲ့ စည်းမဲ့ကမ်းမဲ့ စာတွေ ဖြစ်ပါတယ်။ အခုနောက်ဆုံး ကျွန်တော့်မေးလ်ဆီဝင်လာတဲ့ စာဆိုရင် “မင်္ဂလာစုစာအုပ်” တဲ့။ ဒီခေါင်းစဉ်ကို ကြည့်လိုက်တာနဲ့ ဒါဟာ ကျွန်တော်ဖတ်ဖူးတဲ့ မနိုင်းနိုင်းရဲ့ စာမှန်း သိလိုက်ပါတယ်။ ဒါပေမယ့် ကိုယ်ကူးလာတဲ့ စာရေးသူရဲ့ နာမည်လေးတောင် ထည့်ဖို့ ၀န်လေးတာဟာ ကျင့်ဝတ်ဖောက်ဖျက်တာပါပဲ။ တချို့တွေများဆိုရင် မျက်နှာပြောင်တိုက်ပြီး တခြား social ဆိုက်တွေမှာ၊ သူတို့ဘလော့ဂ်တွေ ပေါ်မှာ သူတို့ရေးထားတဲ့ စာတွေလိုလိုနဲ့ ခပ်တည်တည် ပြန်တင်တဲ့သူတွေလဲ တွေ့ရပါတယ်။ စာပိုင်ရှင်က သွားပြောပြန်ရင်လဲ အရှက်မရှိ သူခိုးလူပြန်ဟစ်တတ်ပါသေးတယ်။ အီးမေးလ်မှ လက်ဆင့်ကမ်းနေသူများ ခင်ဗျာ ကျွန်တော်တို့ စာတွေကို နှစ်သက်လို့ လက်ဆင့်ကမ်းတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် တဆိတ်တော့ စာရဲ့ တထောင့်တနေရာမှာ စာရေးသူ နာမည်လေးတွေတော့ ထည့်ပေးကြပါခင်ဗျာ။ ပြီးတော့ တခြားဆိုက်များမှာ တင်မယ်ဆိုရင်လဲ မည်သူမည်ဝါဆီက ကူးယူပါတယ်ဆိုတာ ဖော်ပြပေးကြပါ ခင်ဗျာ။ ဘယ်လိုပဲ ကူးပြီးတင်တင် လူတစ်ဦးတစ်ယောက်ရဲ့ စာရေးမူဟာ မတူကွဲပြားပါတယ်။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
0 Response to "Forward mail ထဲကစာများ"
Post a Comment