ဇိမ်ယူခြင်း
ခပ်အေးအေးနဲ့ကွေးနေလို့ ကောင်းအောင်
ရာသီဥတုကိုက ကိုယ့်ဘက်ပါနေခဲ့.....
ခြုံထည်တခုစာ အနွေးဓာတ်တွေက
ပျင်းရိခြင်းတွေကို အားပေးအားမြှောက်ပြုနေကြတယ်...
လက်၂ဖက်ကြားထဲမှာလဲ ကာရံမဲ့ကဗျာ တဆုပ်နဲ့...
ကျောရိုးမကြီးတခုလုံးကိုက ပျော့အိတွဲလို့....
ခြေဆန့်လက်ဆန့်ပါပဲ... ကိုငှက်သီချင်းတွေနဲ့
ပျော်ဝင်နေလိုက်တာများ....
လိမ္မော်ရောင် ညနေတအုပ် ဖြတ်လျှောက်သွားတာတောင်....
မသိလိုက်ဘူး...။

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
November 5, 2008 at 5:40 PM
ပျင်းတာကလဲလွန်ပါရောလားကွား အေးလေနော် နာမည်သာဆိုးတာတော်တော်ဇိမ် ကျတာပဲ
November 5, 2008 at 5:54 PM
ဝှား...... :P
November 5, 2008 at 8:49 PM
အကိုတော် ပျင်းနေရင် လာခဲ့ ဟာသပို့စ်တင်ထားတယ်... စလုံးသွားပီး ဇိမ်ကျနေတယ်ပေါ့... ဒါနဲ့ စကားမစပ် စီပုံးဘာလို့ ဖြုတ်ထားတာလဲ
November 5, 2008 at 11:48 PM
ဇိမ် ပဲ ယူနေတယ်ပေါ့လေ....ပြောကို မပြောချင်တော့ပါဘူး
ကိုယ့် ကုသိုလ် နဲ့ကိုယ်ဆိုတော့လည်း လေး)