Double Click နှိပ်ရင် တန်းပွင့်အောင် ဘယ်လိုလုပ်မလဲ။
လုပ်ရမှာက...
၁။ My Computer ကိုသွား ဒါမှမဟုတ်ဘယ်ကနေသွားသွားရတယ်။ သွားရမှာက Tools>Folder Options>

၂။ ပြီးရင် File types tab ကိုရွေး၊ ရွေးပြီးရင် သူ့အောက်မှာ ဖိုင်အမျိုးအစားတွေ ပေါ်လာလိမ့်မယ်။

၃။ Drive ကိုရွေး ပြီးရင် Advanced ကိုရွေး

၎။ Advanced ကိုနှိပ်လိုက်ရင် Edit File Types ဆိုတာ ပေါ်လာလိမ့်မယ်။( အဲ့ဒိမှာ find ဆိုတာပဲ ရှိနေရင်တော့ ကျွန်တော်တို့ double click နှိပ်လိုက်တိုင်း search ကြီးပေါ်ပေါ်လာတာ အဲဒိ တန်ဖိုးတခုထဲရှိနေလို့ပေါ့။ အမှန်က သူအလုပ်လုပ်တဲ့ open (သို့) explore ဆိုတဲ့ လုပ်ဆောင်ချက်ရှိနေမှ ခါတိုင်းလို တိုက်ရိုက်ပွင့်မှာပေါ့)
ပြီးရင်တော့ New ကိုရွေးပါ။

၅။ New ကိုရွေးလိုက်ရင် New Action ဆိုတာ ပေါ်လာပါလိမ့်မယ်။ အဲ့ဒိအခါ (အောက်ပုံကိုကြည့်ပါ) Action နေရာမှာ open၊ Application used to perform action ဆိုတဲ့နေရာမှာ လုပ်ဆောင်ဖို့ သူ့ဘေးက Browse ကိုနှိပ် C:/WINDOWS/explorer.exe ကိုရွေး ပြီးရင် ok..။

၆။ ပြီးရင် ခုနက Edit File Types နေရာကို ပြန်ရောက်ရင် find နဲ့ open ဆိုပြီး ၂ခုပေါ်လာမယ်။ အဲ့ဒိအခါ open ကိုရွေးပြီး set default ပြုလုပ်ပေးပါ။

ok နှိပ်ပြီးရင်တော့ ပြီးသွားပါပြီ။ အခုတော့ drive တွေပေါ်မှာ အရင်လို double click လုပ်ရင် ပွင့်သွားတာကို တွေ့ရပါမယ်။ အင်တာနက် ရန်သူမျိုးငါးပါး အပါအ၀င်ဖြစ်သော ဗိုင်းရပ်စ်ရန်မှ ကင်းဝေးကြပါစေ။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
April 17, 2009 at 9:50 AM
ဟေ့လူ
ခင်ဗျားဗျား
ရှည်ရှည်ဝေးဝေးရှင်းပြေနေသေးတယ်
အဲဒီလောက်ကြီးခက်ဘူးဗျသိလား
Drive ရဲ့ Root directory ထဲမှာ
autorun.inf ဖိုင်ကိုဖျက်ပစ်လိုက်လေဗျာ
နားအေးရော
ဥပမာ
command prompt ကနေ
del c:\autorun.inf
အဲဒါဆို နားအေးပြီ
April 17, 2009 at 11:32 AM
အဟတ်.. ရှည်ရှည်ရေးမှ ပို့စ်တခု ထွက်မှာပေါ့ဗျာ.. :P ဒီလိုကလဲ တနည်းပေါ့..။ :)