twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ပျော်ရွှင်သော မွေးနေ့လေးပါ မင်းယွန်းသစ်

ဟက်ပီးဘက်ဒေးပါ။ ကိုယ့်ဟာကိုယ် ဟက်ပီးဘက်ဒေးလုပ်လိုက်တယ်..။ ကျွန်တော့် မွေးနေ့က သိပ်အထူးခြား ကြီးမဟုတ်ပါဘူး။ ဒီလိုပဲ ကျွန်တော် လူဘ၀မှာ အလေနတ်တောလိုက်လာတာ xx နှစ်ရှိပြီပေါ့။ အဟိလျှိုတာ မဟုတ်ပါဘူး အသက်ကို သိချင်ရင် အရင်နှစ်က မွေးနေ့ကို ပြန်ကြည့်..။ မနှစ်ကတော့ ကျွန်တော့်မွေးနေ့လေးကို သူငယ်ချင်းတွေ စုံစုံညီညီနဲ့ ကျွန်တော့် အမဘာညာနဲ့ပေါင်းပြီး ၁၉ လမ်းမှာ လုပ်ဖြစ်တယ်။ အဲ့ဒိတုန်းက ကိုဂေါက်၊ စည်ပေါ၊မပင့် ၊ နဘလ၊ ကိုတက်စ် (ဟီး အဲ့ဒိတုန်းက သူစိုက်ထားတဲ့ အကြွေးတောင် ခုထိမပေးရသေးဝူး.. ရှူး .....) :P ၊ ပြီးတော့ ကိုမျက်ချိ၊ အဲဒိတုန်းက စရောက်လာတဲ့ ဖိုးသူတော်၊ အကုန်လူစုံနီးပါး လာကြတယ်။ ပြီးတော့ မိုင်ပေါင်း၂၉၂၇ က ဘလာဘလာ အဟောင်းလေး..။ ဟင့်ပြောရင်း လွမ်းလာပြီ..။ ဒီနှစ်တော့ လူတွေ လဲ ရှိတော့ဘူး.။ ကျွန်တော် မွေးနေ့လေးတော့ အွန်လိုင်းမှာ သူများလို ပုံပုံလေးတွေနဲ့ လှလှလေး လုပ်ချင်ပေမယ့် ကျွန်တော်အခုတလော စာမေးပွဲတွေနဲ့ မအားမလပ်ဖြစ်နေလို့ မတင်တော့ပါဘူး။ နက်ဖြန် မအားမှာမို့ ဒီနေ့ ကြိုတင်လိုက်တယ်နော်။ မေမေရေ သားလို အူကြောင်ကျား အရူးအပေါကောင်ကို မွေးဖွားသန့်စင်ပေးလို့ ကျေးဇူး အနန္တတင်ပြီး ရှိခိုးဦးချပါတယ်။ မေမေ သက်တော်ရာကျော် ရှည်ပါစေ။


Read Users' Comments (6)

6 Response to "ပျော်ရွှင်သော မွေးနေ့လေးပါ မင်းယွန်းသစ်"

  1. Anonymous Says:
    November 20, 2008 at 8:17 PM

    Happy Birthday to YoU!! =D
    May Your Dreams come True!!

  2. May Moe says:
    November 21, 2008 at 2:32 PM

    Happy Birthday Bro :D
    All the Best

  3. flowerworld says:
    November 21, 2008 at 4:04 PM

    happy birthday ပါကိုဖတ်ရေ.....
    ပျော်ရွှင်ဖွယ်ကောင်းသောမွေးနေ့လေးဖြစ်ပါစေနော်
    စာမေးပွဲလည်းဖြေဆိုနိုင်ပါစေနော်
    ဒီနှစ်မှသည်နောင်နှစ်ပေါင်းများစွာကိုချစ်တဲ့သူများနဲ့
    မခွဲမခွာအတူတကွနေနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်
    လိုအင်ဆန္ဒများနဲ့ပြည့်ဝပါစေနော်

  4. နိုင်းနိုင်းစနေ says:
    November 22, 2008 at 5:07 PM

    Happy Birthday

  5. Anonymous Says:
    November 24, 2008 at 12:26 PM

    မွေးနေ့ ဆုတောင်းပေးကြတဲ့ အမများ ၊ သူငယ်ချင်းများ အားလုံး ကျေးဇူးတင်ပါတယ်နော်။ ဆုတောင်းပေးတဲ့ လူများလဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ချမ်းသာ ခြင်း ပြည့်စုံကြပါစေ ခင်ဗျာ။

  6. Anonymous Says:
    November 27, 2008 at 1:14 PM

    ဟက်ပီးဘက်ဒေ ၀က်ကလေးးး မွေးနေ့ လက်ဆောင် စံဇာဏီဘို ထဲမှာ မင်းက မိန်းမ ၁၅ ယောက်ရမယ်တဲ့ ဟိဟိ ခိုးဖတ်လိုက်တာ ပွပြီမင်းတော့း) ကြော်ငြာတာလား မိုင်ပေါင်း ၂၉၂၇ က..။