twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ကျွန်တော်၏ပထမဆုံးများ

ကျွန်တော့်ကို သယ်ရင်း မီးလေးဇာက တက်ခ်ပါတယ်။ တက်တဲ့ခေါင်းစဉ်က ပထမဆုံးများတဲ့ ကျွန်တော့်အတွက်တော့ ပထမဆုံးများဆိုတော့ တော်တော်စဉ်းစားရတယ်။ အများအားဖြင့် ပထမဆုံးများက ငယ်ဘ၀ကို ပြန်တွေးရတာကိုး။ မှတ်ဉာဏ်ကလဲ ခပ်ကောင်းကောင်းဆိုတော့ တော်တော် ဖြစ်ညှစ်ပြီး စဉ်းစားလိုက်ရတယ်။ အင်း တက်ခ်.. တက်ခ် ..တက်ခ်။ တက်ခ်ဆိုသည်မှာ ကိုယ်ပေါင်ကို လှန်ထောင်းခြင်းများပါ တကား...။ :P

ပထမဆုံးနေခဲ့တဲ့မြို့~~~ရန်ကုန်တိုင်း ၊အင်းစိန်မြို့ပါ။

ပထမဆုံး တက်ခဲ့တဲ့ကျောင်း~~~လွိုင်ကော်မြို့ ခရစ်ယာန်မယ်သီလရှင်ကျောင်းကဖွင့်တဲ့ မူကြို။ (ကျွန်တော်က မွေးတော့တာ ရန်ကုန်မှာ ဖေဖေက အစိုးရအရာရှိဆိုတော့ ငယ်ငယ်လေးထဲက လျှောက်သွားနေရတာပါပဲ)

ပထမဆုံး သူငယ်ချင်း~~~ကျွန်တော် မှတ်မိသလောက်တော့ ဘောက်ဖတ်ဆိုတဲ့ သူငယ်ချင်းပဲ။ ဒီကောင်နဲ့က တော်တော်လေး ခင်တယ်။ မူကြိုကနေ သုံးတန်းအထိ ပေါင်းတာ။ သူ့နာမည်ရင်းတော့ မသိပါဘူး။ ဘောက်ဖတ်လို့ပဲ သိတော့တယ်။
ပထမဆုံးရတဲ့ ကျောင်းက သူငယ်ချင်း~~~မမှတ်မိတော့ဘူးဗျာ..ကျနော်က အပေါင်းအသင်း သိပ်မက်တော့ အကုန်လုံးနဲ့ပေါင်းတယ်။ :)

ပထမဆုံး ဖတ်ဖူးတဲ့စာအုပ်~~~မူကြိုမနေခင်က ဖတ်ရတဲ့ အေဘီစီဒီ ရောင်စုံအရုပ်လေးတွေနဲ့ စာအုပ်

ပထမဆုံး အလွတ်ရတဲ့ကျောင်းစာ~~~Black eyes susan.. Black eyes susan ... How are you? How are you?

ပထမဆုံး အရိုက်ခံရခြင်း~~~ညီမလေး လက်တံခါးညှပ်နေတာကို ဘေးမှာ ထိုင်ဆော့နေလို့ ဖေဖေ တွယ်တာခံလိုက်ရတာ ပထမဦးဆုံးပဲ။ ဟီးဟီး

ပထမဆုံး ရတဲ့ဆု~~~သူငယ်တန်းတုန်းက လွိုင်ကော် အ.လ.က (၆)မှာ လုပ်တဲ့ မူးယစ်ဆေးဝါးဆန့်ကျင်ရေး ပန်းချီပြပွဲမှာ ရခဲ့တဲ့ ပထမဆု။

ပထမဆုံးသွားဖူးတဲ့ခရီး~~~အင်းလေး။

ပထမဆုံးစီးဖူးတဲ့ကား~~~ဖေဖေ့ရုံးက ရိမ်းဂျားကားစုတ်ကြီးပေါ့ ဟိဟိ။

ပထမဆုံးဆိုတဲ့သီချင်း~~~ဂျက်မြသောင်းရဲ့ ဒါလေးများ သီချင်း။ ငယ်ငယ်တုန်းက ဂျက်မြသောင်း ခေတ်စားတော့ အဲ့သီချင်းကို အရမ်းကြိုက်တာ။ အဲ့သီချင်းဖွင့်ထားရင် လိုက်ဆိုရုံတင်မကဘူး ကွေးကောက်နေအောင်ကို ကတာ။း)

ပထမဆုံးရေးခဲ့သော ရည်းစားစာ~~~အဟီး ခြောက်တန်းတုန်းကထင်တယ်။ :P

ပထမဆုံးရည်းစားထားခဲ့သောခုနှစ်~~~၁၉၉၈ခုနှစ်

ပထမဆုံးချစ်သူ~~~ပြောပြဘူးဗျာ...။း)

ပထမဆုံးဝယ်ဖူးတဲ့စာအုပ်~~~မိုးသောက်ပန်းစာအုပ်

ပထမဆုံးဝယ်တဲ့သီချင်းခွေ~~~Techno Remix 1998

ပထမဆုံးတက္ကသိုလ်ရောက်တဲ့နေ့~~~၂၀၀၂ခုနှစ်၊ ဒီဇင်ဘာလ ထဲကတရက်တရက်ပဲ မမှတ်မိတော့ဘူး။

ပထမဆုံးရဖူးတဲ့လက်ဆောင်~~~ညီမလေးနဲ့ ကျွန်တော်နဲ့က ၅နှစ်ကျော်ကွာတော့ ကျွန်တော်က အကြာကြီးကလေး လုပ်ရတော့ အလိုလိုက်ပြီး ၀ယ်ပေးတဲ့ ဟာတွေက အများကြီးပဲ မှတ်မိတော့ဘူး။

ပထမဆုံးအလုပ်~~~အခုထိ မိဘလုပ်စားထိုင်စားပြီး ကျောင်းတက်တုန်းဗျ..ဟတ်ဟတ်။

ပထမဆုံးတစ်ယောက်ထဲခရီးသွားခြင်း~~~၂၀၀၇ခုနှစ်က လားရှိုးမြို့ကို သွားတဲ့ခရီး။

ပထမဆုံး သောက်ဖူးတဲ့ ဆေးလိပ်၊ ပထမဆုံးသောက်ဖူးတဲ့အရက်~~~လန်ဒန်စီးကရက်၊ လွှိုင်ကော်မှာနေတုန်း ၇နှစ်သားလောက်တုန်းက ဦးလေးခိုးတိုက်တဲ့ ခေါင်အရက်:P

ပထမဆုံးတက်ဖူးတဲ့ ဆေးရုံ~~~ အင်းစိန်ဆေးရုံမှာ မွေးတုန်းကလေ.၊အသက်ကြီးတဲ့အထိ တခါမှ ဆေးရုံမတက်ရသေးဘူးဗျ။

ပထမဆုံး ခင်တဲ့ ဘလော့ခ်မိတ်ဆွေ~~~ ကိုနေဘုန်းလတ်။

ပထမဆုံးရေးတဲ့ကဗျာ~~~ဒဿအသဲ တဲ့ လေးလုံးစပ်ကဗျာလေးပဲ (ကဗျာဆရာဖြစ်တဲ့ ဖေဖေသင်ပေးတဲ့ လေးလုံးစပ်နဲ့ ပထမဆုံးရေးဖြစ်တာပဲ)

ပထမဆုံးကိုယ်ရှာတဲ့ပိုက်ဆံသုံးခြင်း~~~ အခုထိကို ပိုက်ဆံမရှာနိုင်သေးဘူး၊ အဲတခုပဲ ၅တန်းလောက်တုန်းက အိမ်က သတင်းစာတွေ၊ နို့ဆီခွက်တွေရောင်းပြီး ၀က်သားတုတ်ထိုးအ၀သွားစားဖူးတယ်။ ဟီးဟီး
ပထမဆုံးအကြိမ်ရန်ဖြစ်ခြင်း~~~၉တန်းတုန်းကပေါ့၊ တုတ်ပွဲဓားပွဲပဲ မသေတာကံကောင်း။:P

ပထမဆုံးအကြိမ် ထီပေါက်ခြင်း~~~အလကားရတဲ့ပိုက်ဆံတွေနဲ့ အကျိုးမပေးဘူး။

ပထမဆုံး ရင်ခုန်ဖူးခြင်း~~~အမြဲတမ်းခုန်နေတာပဲလေ။

ပထမဆုံးတီးဖူးတဲ့ ဂစ်တာ~~~မြောက်ဥက္ကလာ အပေါင်ဆိုင်က ၂၀၀၀ ကျပ်နဲ့ ၀ယ်လာတဲ့ အပေါင်ဆုံးဂစ်တာ..။ :)

ပထမဆုံးရောက်ဖူးတဲ့ နိုင်ငံခြား~~~တရုတ်ပြည်။

ကဲတက်ခ်ထားတာတွေတော့ ရေးပြီးပြီ မီးလေးရေ လက်လဲညောင်း ခေါင်းလဲမူးသွားပြီ။ တော်ပြီ ဘယ်သူ့ကိုမှ ထပ်ဆင့် မတက်ခ်တော့ဘူး။ ကျွန်တော်ရဲ့ ပထမဆုံးတွေကတော့ ဒါတွေပါပဲခင်ဗျာ..။ :)

Read Users' Comments (6)

6 Response to "ကျွန်တော်၏ပထမဆုံးများ"

  1. Anonymous Says:
    September 27, 2008 at 8:37 PM

    သယ်ရင်းလေးက ပျော်ပျော်နေတက်သမားဆိုတော့ စာတွေဖတ်ရတဲ့သူလည်းပျော်နေတာပဲ ပထမဆုံးရည်းစား ဘယ်သူလဲပြောပြကွား)

  2. Anonymous Says:
    September 28, 2008 at 1:43 AM

    အစ်မလဲ ပထမဆုံးနေခဲ့တာ အင်းစိန်မှာပါ။ :)

  3. flowerworld says:
    September 29, 2008 at 11:47 AM

    နင်က...၇.နှစ်ထဲကလက်တွေဆင်းပြီးပြီးကိုးး... သယ်ရင်ရေပိုးဝင်တာလဲခြောက်တန်းနှစ်ကတဲကပဲနော်... တော်သေးတယ်နင်နဲ့ခုမှသိလို့

  4. thonn thonn says:
    September 30, 2008 at 1:54 PM

    အင်းစိန်သား ၊ အင်းလေး ၊ .... အင်း....နာမည်လည်း အင်းယွန်းသစ် လုပ်လိုက်။ :P

  5. Minn Yoon Thit says:
    October 1, 2008 at 1:58 PM

    တောက်တီးတောက်တဲ့ ဘာလို့ အင်းယွန်း လို့ပြောင်းရမှာလဲ ဘွားတော်သွန်းရဲ့း)

  6. MELODYMAUNG says:
    October 2, 2008 at 7:01 PM

    ဟိတ် အပုံကြီး ဒဿအသဲ ကဗျာ ဖတ်ချင်တယ် ပို့ပေးနော် :)