ရန်ကုန်မြို့တွင် အင်တာနက်ကွန်နက်ရှင်များ လွန်စွာဆိုးရွားလျှက်ရှိ
ယခုအခါ ရန်ကုန်မြို့တွင် အင်တာနက် ကွန်နက်ရှင်များ လွန်စွာဆိုးဝါးလျှက်ရှိပါသည်။ မြန်နှုန်းမြင့်ဟု ဆိုနိုင်သော Wimax ဖြင့်သုံးသော ဆိုင်များတွင်ပင် ကွန်နက်ရှင်သည် အလွန်တရာ နှေးကွေးလေးလံ လျှက်ရှိပါသည်။ Text message များပင် ပို့ရန် အလွန်ခက်ခဲနေပါတယ်။ သို့သော် နိုင်ငံပြင်ပဆိုက်များ ကြည့်ရှုရာတွင် ကွန်နက်ရှင်မှာ တက်လိုက်ကျလိုက် အလွန်ဆိုးဝါးနေသော်လည်း ပြည်တွင်းဆိုက်များ ကြည့်ရှုရာတွင်တော့ အဆင်ပြေချောမွေ့လျှက်ရှိပါတယ်။ ရန်ကုန်မြို့နေ အင်တာနက် အသုံးပြုသူတချို့ကတော့ ဤသို့ဖြစ်ခြင်းမှာ မြန်မာနိုင်ငံ၏ ISPများ ဖြစ်သော MPT နှင့် Bagan Net တို့ မှ တမင်တကာ နှေးကွေးထားခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်း ပြောဆိုကြလျှက်ရှိပါတယ်။ မည်သည့်အတွက်ကြောင့် ကွန်နက်ရှင်နှေးကွေးရသည် ဆိုတာကိုတော့ သက်ဆိုင်ရာမှ အကြောင်းပြ ပြောဆိုခြင်း မရှိသေးကြောင်း သိရှိရပါတယ်။ ထို့ပြင် နောက်ထပ် တလလောက် အထိ ထိုကဲ့သို့ နှေးကွေးနေအုံးမည်ဟု ပြောဆိုနေကြသည်များလဲ ကြားသိရပါတယ်။ မြန်မာနိုင်ငံ၏ အင်တာနက် အသုံးပြုသူများနှင့် အင်တာနက်ဆိုင်ဖွင့်သော လုပ်ငန်းပိုင်ရှင်များသည် မြောက်များစွာသော ဥပဒေများ ကြားမှာ အသုံးပြုနေကြရပြီး မကြာခဏ ဆိုးရွားသော ကွန်နက်ရှင်ကြောင့် ပြည်တွင်းနှင့် နိုင်ငံတကာသို့ ဆက်သွယ်ရာ၌ အခက်အခဲများ ဖြစ်လျှက်ရှိကြောင်း သတင်းရရှိပါတယ်။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
0 Response to "ရန်ကုန်မြို့တွင် အင်တာနက်ကွန်နက်ရှင်များ လွန်စွာဆိုးရွားလျှက်ရှိ"
Post a Comment