အရာမ၀င်ခဲ့တဲ့ညနေ
မြစ်တွေက ကွေးကောက်လွန်းတယ် မေမေ...
သားလက်တံတွေ ဆန့်ထုတ်ပြီးတာတောင် ...
အဲ့ဒိ နရီတွေကို ဆုပ်ကိုင်နိုင်ဖို့ ခဲဆစ်နေတုန်းပါပဲ
အဲဒိ ဗေဒတွေကို သားသိနိုင်ဖို့ နဲနဲ လှမ်းလွန်းနေတုန်းပဲ..
သူတို့က မတွန်ပြတောင် ကြေးခွံမြင်ရရုံနဲ့
ကျိန်စာသင့် သတ္တ၀ါတွေ မှန်း သားသိသွားခဲ့ရတယ်...
ကတိက၀တ်တွေ စုတ်ဖြဲ ခံရပြီးမှ.
သားဆီမှာ လက်ကျန် ကျန်ခဲ့တာဆိုလို့
စကားလုံးမဲ့ အပိုင်းအစတွေပါပဲ...
ခုတော့လဲ... မေမေ့သားတစ်ယောက်...
ခရမ်းရောင် အိပ်မက်မျိုးတွေ မမက်တတ်တော့ပါဘူး
တိုက်အိမ်တွေ လေထဲမှာ မဆောက်ဖြစ်တော့ပါဘူး...
ခပ်စူးစူး တေးသွားတွေ မညည်းဖြစ်တော့ပါဘူး..
ပြီးတော့ သားလေ...
အလဟဿ ညနေတွေနဲ့ အတူ မသွန်းဆစ်တော့ပါဘူး မေမေ....။

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
September 11, 2008 at 4:00 PM
ဂိုဏ်းချုပ်လေးရေ
ကဗျာလေးဖတ်ရတာ တစ်မျိုးပဲကွ
အဆင်ရော ပြေရဲ့လားကောင်လေးရ
သေချာတာတော့ အရင်ပေါတောတောလေးကနေ တကယ်ပဲ ရင့်ကျက်နေပြီထင်တယ်။
ဝမ်းသာပါ၏
September 15, 2008 at 12:09 PM
အလဟဿ ညနေတွေနဲ့ အတူ မသွန်းဆစ်တော့ပါဘူး ..တဲ့ .
လှလိုက်တာ ..
September 16, 2008 at 10:52 AM
အင်..မသွန်းလည်း ဘယ်တုန်းကမှ ဈေးမဝယ် မဆစ်ရပါလား ငါ့မောင်ရယ်။ :P