ဘလော့ဂ်ကာ သက်ကြီး ပူဇော်ပွဲ
အဟမ်း..အဟမ်း နှစ်သစ်ကူးပြန်ပြီဆိုတော့ ကျွန်တော်တို့ မြန်မာ့ ရိုးရာ ဓလေ့ထုံးစံ အရ ကြီးသူကို ရိုသေတဲ့ ဂါရဝေါစ၊ နိဝါယောစ တရားနဲ့ အညီ သက်ကြီး ဘလော့ဂ်ကာ ပူဇော်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။
သက်ကြီး ဘလော့ဂ်ကာ ပူဇော်ပွဲတွင် အပူဇော်ခံမည့် သက်ကြီး ဘလော့ဂ်ကာ များကတော့ :P
ဘွားဘွားနိုင်းနိုင်း
ဘိုးဘိုးစိုးထက်
ဘွားဘွား ပန်ဒိုရာ
ဘွားဘွား အိမ်ချမ်းမြေ့
ဘွားဘွား မယ်လိုဒီမောင်
ဘိုးဘိုးရန်အောင်
ဘိုးဘိုး မီထရို
ဘွားဘွားဂျစ်တူး
ဘိုးဘိုးတက်စ်တက်စ်
ဘိုးဘိုးဂေါက်
ဘိုးဘိုး ကျော်ကြီး
တို့နှင့် အခြားသော သက်ကြီးဘလော့ဂ်ကာ များအား နေ့ခင်း ၁၂နာရီတိတိတွင် ခေါင်းလျှော်ပေးခြင်း၊ လက်သည်း ခြေသည်း ညှပ်ပေးခြင်း၊ ရေအ၀ ချိုးပေးခြင်း (ရေခဲရေဖြင့်). များကို
နှပ်ချီးတွဲလောင်း ဘလော့ဂ်ကာများ ဖြစ်ကြသော
ဘေဘီဘာညာ
ဘေဘီ ဒီမို
ဘေဘီ စိုးဇေယျ
ဘေဘီ မင်းယွန်း
ဘေဘီ ပင့်ကူ
ဘေဘီ တေဇာ၄၄
ဘေဘီ ဖိုးသူတော်
ဘေဘီ ပေါက်ကရ၈၀
တို့မှ ဦးဆောင်၍ အခြားသော နှပ်ချီးတွဲလောင်း ဘလော့ဂ်ကာ များနှင့် ပူးပေါင်းကာ ဆူးလေ ခုံးကျော်တံတား အလယ်တည့်တည့်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ မပျက်မကွက် ကြွရောက်လာသူများကို ဘီယာ စတုဒီသာဖြင့် တ၀တပြဲ တိုက်မည်ဖြစ်ကြောင်း...။:P
(ဟီးဟီး ကိုယ့် အကိုကြီးတွေ အမကြီးတွေ ကို မစရတာ ကြာလို့ ဤပို့စ်လေးနှင့် သာစေ နာစေ မဟုတ်ပဲ ရိုသေစွာ စနောက်လိုက်ပါကြောင်း... ;D)



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
April 23, 2008 at 1:08 PM
အမလေး... ထိပ်ဆုံးကပါလား..
၉၉နှစ်ပဲရှိပါသေးတယ် ပူတူးတူးလေး မင်းယွန်းသစ်ရယ်
ဘာပဲဖြစ်ဖြစ်လေ
သာဓု...သာဓု...သာဓု..ဤသို့ ပူဇော်ကန်တော့ရခြင်းကြောင့်
ဒီထက် ပိုဝ ပါစေ.. ဟီး
April 23, 2008 at 1:15 PM
သာဓု... သာဓု... သာဓု... :P
April 23, 2008 at 1:50 PM
ဘေဘီတိုလီလေး.. ခုံးကျော်တံတား နားမှာ လူတွေစုံနေပီ။ တော်ကြာ အဖမ်းခံနေရအုံးမယ်။ သက်ဆိုင်ရာကို ကြိုတင် အကြောင်းကြားထားရဲ့လား။