twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ကျွန်တော် ချစ်သော အဖြူရောင် သစ်ပင်လေး

တကယ်ဆို... မတော်တဆ မဟုတ်ခဲ့ပါဘူး
အပြာရောင် မိုးသားတွေထဲ
ဆိတ်ညံစွာ တိုးဝှေ့အိပ်ပစ်ခဲ့ရုံပါပဲ..
ခြေဆန့်လက်ဆန့် အတွေးသန့်သန့်လေးတွေနဲ့
ဟောဒိညနေ လေးဟာ အရာ အားလုံးထက်
ပိုမို စိမ့်ဝင်နေခဲ့တယ်..
(သူမ လင်းတဲ့ နေ့တွေဆို ပိုပြီးတောင် ကြည်လင်လွန်းပါတယ်)။

မြစ်ကွေးလေး တစ်ဖက်ကမ်းဆီက
အဲဒိ ပန်းနုရောင် နှုတ်ခမ်းကွေးလေးကို
စောင့်ဆိုင်းရင်း ဟောဒိ တောအုပ်လေးမှာ
အလွမ်းသီးတွေ သီးနေခဲ့တာပေါ့...။

ဘယ်သူ့မှ မသိနိုင်ပေမယ့် ရပ်ဝန်းငယ်လေးထဲမှာ
မရေရာ တဲ့ သက်ပြင်းတွေ အခါခါ ချရင်း
ငါလေ... မင်းနဲ့ ဝေးရမှာ အကြောက်ဆုံးပါပဲ..။

စကားလုံး ပေါင်းများစွာ ထက် သာလွန်တဲ့
နက်နဲမှုတွေနဲ့ သိမ်မွေ့ညက်ညော စွာ ပဲ ချစ်တယ်...

ကောင်မလေးရယ်...
မင်း သိနိုင်မလား...
ဒါဟာ မတော် တဆ မဟုတ်ခဲ့ဘူး...
ဒါဟာ မတော် တဆ မဟုတ်ဘူး...
ဒါ....ဟာ မတော် တဆ မ...ဟုတ်....ခဲ့....ပါဘူး.....။

Read Users' Comments (2)

2 Response to "ကျွန်တော် ချစ်သော အဖြူရောင် သစ်ပင်လေး"

  1. Yan says:
    April 21, 2008 at 9:05 AM

    စကားလုံး ပေါင်းများစွာ ထက် သာလွန်တဲ့
    နက်နဲမှုတွေနဲ့ သိမ်မွေ့ညက်ညော စွာ ပဲ ချစ်တယ်...

    အဲဒီ့စာသားလေးကို ကြွေသွားတယ်ဗျာ. မတော်တဆ မဟုတ်ဘူးနော်. တကယ်ကြွေတာ. ဒါဟာ မတော်တဆ မ... ဟုတ်.... ခဲ့.... ပါ.... ဘူး... ဗျာ...

  2. pyaephyo says:
    April 21, 2008 at 4:40 PM

    ကောင်းတယ်.. အဖြုရောင်ကောင်မလေးလဲ ကြွေမှာပါ...