twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ရန်ကုန်မြို့တွင် လျှပ်စစ်မီး ပေးဝေမှု ဆိုးရွားနေ

သင်္ကြန်ပြီးနောက်ပိုင်းတွင် ရန်ကုန်မြို့တွင် လျှပ်စစ်မီးများ ပေးဝေမှုများမှာ ယခင်က ကဲ့သို့ စနစ်တကျ အလှည့်နှင့် မဟုတ်တော့ပဲ ဆိုးရွားစွာ မီးပျက်နေပါတယ်။ ယခင်က တနေ့ကို ပျမ်းမျှ ၆နာရီ လာရာကနေ ယခုတော့ လာချိန် မမှန်တော့ပဲ အထူးသဖြင့် လူသုံးများဆုံး ညပိုင်းများတွင် နေ့စဉ် ရက်ဆက် မီးပျက်လျှက်ရှိပါတယ်။ ထို့ပြင် ၄င်းတို့ မီးပေးသော အချိန်သည် လူများ မသုံးတော့သော အချိန် ဉာဥ့်သန်းခေါင်ယံများမှ သာ ပေးဝေလျှက်ရှိပါတယ်။ ထိုအခါ လျှပ်စစ်မီးနှင့် ရေတင်သူများမှာ အိပ်ရေးပျက်ခံကာ အပြိုင်အဆိုင် ရေမောင်းကြသဖြင့် မီးအားများ အဆမတန် ကျလျှက်ရှိပါတယ်။ သက်ဆိုင်ရာ လျှပ်စစ်ရုံးများသို့ အကြောင်းအရင်းကို မေးမြန်းသော်လည်း တိကျသော အဖြေ မပေးနိုင်ကြပဲ ဖြစ်နေကြပါတယ်။ မြို့တွင်း မြို့နယ် များတွင်လည်း အလွန် အလုပ်များသော အချိန် နေ့ခင်းပိုင်းများတွင်ပင် မီးမပေးဝေ နိုင်သဖြင့် တိုက်ခန်းများ ၌ နေထိုင်သူများ ရေဒုက္ခ၊ မီးသုံးစွဲ မှု ဒုက္ခများ ခံစားနေကြရပါတယ်။ သို့ရာတွင် ခါတိုင်းနှစ်များတွင် မိုးရာသီ ရောက်လျှင် မီးမှန်တတ်ရာ မြို့နေပြည်သူများက မီးမှန်မည့် မိုးတွင်းကို မြန်မြန်ရောက်စေရန် ဆုတောင်းလျှက် ရှိပါကြောင်း...။

Read Users' Comments (0)

0 Response to "ရန်ကုန်မြို့တွင် လျှပ်စစ်မီး ပေးဝေမှု ဆိုးရွားနေ"