twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ဖတ်ကြည့်ကြစို့ အခြေခံဥပဒေ မူကြမ်း

မကြာမှီ မေလ မှာ အခြေခံဥပဒေ မူကြမ်း ပြည်သူ့ဆန္ဒ ခံယူပွဲ လုပ်ပါတော့မယ်။ ဒီမိုကရေစီ လမ်းကြောင်း ဖော်ဆောင်ထားတယ်ဆိုတဲ့ အခြေခံဥပဒေ မူကြမ်းကို ကျွန်တော်တို့ နိုင်ငံသားတွေ အနေနဲ့ မဲမပေးမီ သေချာစွာ ဖတ်ထားသင့်တယ်လို့ ကျွန်တော်ထင်မြင်မိပါတယ်။ သူများ ပြောတိုင်း နားမယောင် မိဖို့ လိုပါတယ်။ နိုင်ငံသား တစ်ယောက်ဟာ ကိုယ့် နိုင်ငံရေး အကြောင်းကိုတောင် သေချာ မသိပဲ သူများက ဘာဘာ ညာညာ ဆိုတိုင်း လိုက်မလုပ်သင့်ပါဘူး။ ကျွန်တော်တို့မှာ ကိုယ်ပိုင် ဆုံးဖြတ်နိုင်တဲ့ အသိဉာဏ်ရှိပါတယ်။ ဒီ အခြေခံဥပဒေ မူကြမ်းမှာ ဘယ်အချက်တွေပါတယ်၊ ဘယ်လိုရေးဆွဲထားတယ်ဆိုတဲ့ အချက်အလက်တွေကို မဲမပေးမှီ သေချာစွာ ဖတ်ကြည့်စေချင်ပါတယ်။ သူများတွေ ဘာကြောင့် Yes တယ်၊ ဘာကြောင့် No တယ်ဆိုတာ ဂဃဏန သိဖို့လိုပါတယ်။ အခြေခံဥပဒေ မှာ ဘာတွေပါတယ် ဘယ်အချက်အလက်တွေက လက်ခံနိုင်ပြီး ၊ ဘယ်အချက်တွေက သဘော မတွေ့ဘူး ဆိုတာ ကိုယ်ပိုင် ဖတ်ကြည့်ပြီးမှ ဝေဖန်ကြပါအုံး။ သူများတွေ ပြောတိုင်း မယုံကြပါနဲ့အုံး။ နိုင်ငံသားတိုင်း ဖတ်သင့်တဲ့ အခြေခံ ဥပဒေ ကို ဒီမှာဒေါင်းလုပ်ယူပြီး ဖတ်ကြည့်ကြပါအုံးခင်ဗျာ။ မြန်မာနိုင်ငံရဲ့ ကြမ္မာဟာ မြန်မာနိုင်ငံသားတိုင်း ရဲ့ လက်ဝယ်မှာသာ ရှိပါတယ်။ ကျွန်တော်တို့တွေမှာ ဘယ်လိုမတူညီတဲ့ သဘောထားတွေ ရှိနေပါစေ မဲရုံများဆီသို့ မလွဲမသွေ သွားရောက်၍ မဲပေးသင့်ပါကြောင်း.....။

Read Users' Comments (0)

0 Response to "ဖတ်ကြည့်ကြစို့ အခြေခံဥပဒေ မူကြမ်း"