twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

စာမျက်နှာ ၁၃

သိုးတစ်ကောင်လို ရိုးသားခြင်းနဲ့
မဲမှောင်နေတဲ့ အဆုံးသတ် ပင်လယ်ပါ
ဇာဘုရင်လို ဇာတ်သိမ်းခန်းမှာ
တိတိပပ လိုက်ကာချသွားတယ်။
မိုးတွေ ရွာနေခဲ့တာတောင် မသိခဲ့ဘူးကွယ်
လှိုင်...နေတဲ့ ပန်းပွင့်တွေနဲ့
ညက ငါ့ကို အလိုက်သင့် ချော့မြူလို့
ရိုးဂုဏ်တွေ သိမ်းထုပ်ခဲ့ပြီး
ရာထောင်ချီတဲ့ မင်းအငွေ့အသက်တွေ ကျန်ရစ်
သူလိုငါလို....
ရယူခြင်း မဲ့ခဲ့ပြီး
ဿအက္ခရာလို
ဝါကျင် နေတဲ့ ထော်လော်ကန့်လန့် ကောင်
သောက တွေ ပေကျံချင်ပေကျံပါစေ တော့ကွယ်
တဘဝလုံး လောင်ကျွမ်း ပစ်လိုက်နိုင်ရဲ့
ရုပ်သေ ကားချပ် တစ်ခုလို ပါပဲ
သေးငယ်တဲ့ အိမ်ကလေးဟာ ဝေးရင်းဝေးသွားတယ်
လင်းလိုက် မှောင်လိုက်
ရမ်တစ်ခွက်နဲ့ တနင်္ဂနွေဟာ
မာကျော သေသပ်စွာ ငါ့ကိုထားရစ်ခဲ့တော့တယ်။
သိုး...သွားတဲ့ ဇာတ်လမ်းဟောင်း တစ်ပုဒ်
ထိန်းသိမ်းမှု မရှိတဲ့ ပြတိုက်တစ်ပုဒ် ဖြစ်သွား
မြေပြင် တစ်ခုလုံး ဥပက္ခာပြုပြီး
မှုန်ရီေ၀၀ါး နေတဲ့ တောလမ်းလေးကို ငါလျှောက်ရအုံးမယ်
လွင်ပြင် တစ်ခုလုံး မိုးကြိုးတွေ ထစ်ချုန်းပါစေကွယ်
မင်း တားမြစ်တယ် ဆိုရင်တောင်.. ငါဟာ
ယွန်းရလိမ့်အုံးမယ်....
သစ်လွင်မှု မရှိတော့တဲ့ ဂစ်တာလေးရေ...
ကြက်တွန်သံ မကြားရတဲ့ ဝေလီဝေလင်း တွေဟာ
သွန်ချ ပစ်ခဲ့တဲ့ ရက်သတ္တပတ်တွေနဲ့တူတယ်
.................တကယ်တော့ ကောင်မလေးရယ်....
ပိုးမျှင်တွေ ထိရှပြီးမှ... ငါဟာ
ဥဒါန်းတွေ ကျူးရင့်နေ မိတော့ တယ်။

(ကျွန်တော် ခင်မင်တဲ့ သူငယ်ချင်းတွေရဲ့ နာမည်ကို ကဗျာအဖြစ် ရေးဖွဲ့ပါသည်)

Read Users' Comments (1)comments

1 Response to "စာမျက်နှာ ၁၃"

  1. လင်းဦး(စိတ်ပညာ) says:
    October 5, 2009 at 7:58 PM

    အိုး.. GOOD

    လုပ်ထားတဲ့ ရေးထားတဲ့ စိတ်ကူး တယ်ကောင်းပါလား.. နာမည်တွေကို လိုက်ရှာတာ နောက်တော့ တွေ့သွားတယ်...

    :D