twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

နတ်ဆိုးတစ်ကောင်ရဲ့ဖတ်စာ


ဒီလမ်းဟာ... ကိုက်လမ်း...
ဆိုးရွားပြင်းထန်မှုတွေ ဝက်ဝက်ကွဲ ဖောက်ခွဲပစ်နေကြ
ခပ်ပျစ်ပျစ် အနီရောင် မိုးစက်တွေ ငါ့ခေါင်းပေါ်သွန်အံတယ်
ငါ......က
သေဆုံးသွားချင်တာတောင် မသေဆုံးနိုင်သေးတဲ့ ဒုက္ခိတ သားကောင်သက်သက်
၁၅:၄၄ ၊ မိုက်မဲမှု တွေက အတိအကျ အကြွင်းပြတ်တယ်
ခင်ဗျားပဲ ဖြစ်ဖြစ် ကျွန်တော်ပဲ ဖြစ်ဖြစ်.....
ခပ်ကျဉ်းကျဉ်း အယူဝါဒ လည်ပင်းကို ကြိုးကွင်းစွပ်နိုင်တယ်
ဘယ်လိုပဲဖြစ်ဖြစ် ပင်လယ်ချင်း တူတာတောင်
လှိုင်းထန်တာချင်း တူချင်မှတူမယ်
နာရီမှာ လောင်ကျွမ်းနေတဲ့ မီးတောင်တစ်လုံး
ကျုပ်တို့ မိနစ်တွေကို ပိုးစိုး ပက်စက် စားသုံး သွားကြတယ်
သေတမ်းစာ အမှတ် (......)
ကိုယ်ပိုင် နံပါတ်မရှိတဲ့ နယ်နမိတ် သင်္ချိုင်းက
အရိုးပြိုင်းပြိုင်းထနေတဲ့ မကောင်းဆိုးဝါးတွေ
ငါ့ အိပ်ယာဘေးမှာ သွားရည်တွေ တမြှားမြှားကျလို့
သုည မရှိတဲ့ မြို့တော်ဟာ သမိုင်းခပ်ရိုင်းရိုင်းတွေနဲ့
လျှာအဖြတ်ခံလိုက်ရသလို
ဒါမှမဟုတ် ဖောက်ပြန် လွန်ကျူးထားတဲ့ မိန်းမပျက်လို....
သွေးပျက် အေးသွေ့ နေတယ်
တယ်လီဖုန်း ခေါ်ဆိုလို့မရတဲ့ ငရဲသံက ငါ့ရာဇဝင်ထဲကို
လှမ်းလှမ်း ခေါ်တယ်
...................................
မကြားချင်မှ အဆုံးပဲ..... မကြားချင်မှ အဆုံးပဲ
.............................
မကြားချင်..............မှ..................အဆုံးပဲ......။

Read Users' Comments (5)

5 Response to "နတ်ဆိုးတစ်ကောင်ရဲ့ဖတ်စာ"

  1. ကလျာ says:
    September 4, 2009 at 6:42 PM

    သေတမ်းစာလာဖတ်သွားပါတယ်။ စကားလုံးတွေ ပြောင်မြောက်လှချေလား ဘကြီးအောင်။

  2. Anonymous Says:
    September 6, 2009 at 10:37 AM

    ကိုယ်ပိုင် နံပါတ်မရှိတဲ့ နယ်နမိတ် သင်္ချိုင်းက
    အရိုးပြိုင်းပြိုင်းထနေတဲ့ မကောင်းဆိုးဝါးတွေ
    ငါ့ အိပ်ယာဘေးမှာ သွားရည်တွေ တမြှားမြှားကျလို့
    သုည မရှိတဲ့ မြို့တော်ဟာ သမိုင်းခပ်ရိုင်းရိုင်းတွေနဲ့
    လျှာအဖြတ်ခံလိုက်ရသလို

  3. Anonymous Says:
    September 6, 2009 at 10:38 AM

    ကောင်းလိုက်တဲ့ ရေးချက် လန်ထွတ်နေတာပဲ

  4. mirror says:
    September 6, 2009 at 6:04 PM

    အောက်ဆုံးက မကြားချင်မှအဆုံးပဲ...ဆိုတာလေးကိုကြိုက်လိုက်ထှာ..။

  5. ဂျေဂျူဝိုင် says:
    September 7, 2009 at 2:20 PM

    အရမ်းကောင်းတဲ့ ကဗျာပဲဗျာ။