ဝေး.....ပြီ
မိုးထဲလေထဲ၊ စိုကာရွှဲလို့
ငမွဲဒီကောင်၊ လွမ်းရိပ်မှောင်သည်
ဘယ်ဆီသောင်ကမ်း၊ မျှော်ရမှန်းမသိ
ချစ်သူလည်းမရှိ၊ ငုံးတိတိနှင့်
မုတ်သုံ အဆက်ဆက် တိုင်ခဲ့ပြီ။
အရိပ်ညိုညို၊ ရှိုက်သံပိုလို့
ကွန်းခိုရာမဲ့၊ လေပြေသွဲ့တည့်
ကျွမ်းခဲ့သစ်ပင်၊ ဆွေးစိတ်ဝင်လည်း
မကြင်သနား၊ ထွက်ခွာသွားသည်
ကြယ်တွေ ကြွေခဲ့ ညအလီလီ။
ဂစ်တာအိုလေး၊ ဆိုကာတေးသီ
နွမ်းအီလှိုက်မော၊ ရင်ခုန်ဇောဖြင့်
ပင့်သက်လှိုင်ဝေ၊ စိုးစိတ်ပွေတယ်
ကယ်သူလဲမဲ့၊ ကျိုးကြေပဲ့၍
ဝေးခဲ့ လေပြီ အို....နှင်းဆီ။
++++++++++++
ဘာရယ်မဟုတ်ပါဘူး။ တနေ့ညက ကွန်ပြူတာရှေ့ထိုင်ရင်း လေးလုံးစပ်ကလေး
ရေးချင်လာတာနဲ့ မတတ်တခေါက်လေး ရေးဖွဲ့ထားတဲ့ ကာရံကဗျာလေးပါ။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
September 11, 2009 at 10:15 AM
အရိပ်ညိုညို၊ ရှိုက်သံပိုလို့
ကွန်းခိုရာမဲ့၊ လေပြေသွဲ့တည့်
ကျွမ်းခဲ့သစ်ပင်၊ ဆွေးစိတ်ဝင်လည်း
မကြင်သနား၊ ထွက်ခွာသွားသည်
ကြယ်တွေ ကြွေခဲ့ ညအလီလီ။<-- ဒီအပိုဒ်လေး ကြိုက်တယ်...း-)
September 11, 2009 at 5:40 PM
ကိုကြီး ၇ဲ အတွေးတွေ က အလန်းတွေပဲ နော်..ဖူးဖူးလေးကို လဲ ကဗျာ သင်ပေးပါလား နော်နော်..
ဆ၇ာတင်တယ်..နဂိုးကတည်းကလဲ ဆ၇ာပါပဲ လေ
September 11, 2009 at 5:41 PM
နော်