မထူးဇာတ်
ကျွန်တော်တို့ ညနေဟာ
ဗော့ဒ်ကာ တခွက်နဲ့ ပြည့်လျှမ်းလို့...
ဆာလောင် မွတ်သိပ်မှုကို မဖြည့်ဆည်းနိုင်ပေမယ့်
ကျွန်တော်တို့ဟာ အသိဉာဏ် မဲ့တုံးနေတဲ့ ကောင်တွေ မဟုတ်ဘူး
အိုင်ဒီယိုလိုဂျီတွေ မြင်မကောင်းအောင်
ရွတ်နေကြတဲ့ သေချင်းဆိုး ဖက်ရှင်သမားတွေထက်စာရင်
ကျွန်တော်တို့က သာတယ်...
မမှန်ဘူး ဒါပေမယ့် မှားတယ်
မမှားဘူး ဒါပေမယ့် မှန်တယ်
ကျွန်တော်တို့ဟာ ကိုယ့်သေတွင်း ကိုယ်တူးမယ့်
လူမိုက်စစ်စစ်တွေ ဖြစ်တယ်...
ခပ်ရိုင်းရိုင်း သမိုင်းတွေနဲ့
ကျွန်တော်တို့ ချစ်တဲ့မြေ
တနေကုန် တနေခန်း ခါးနေရင်တောင်
ကျွန်တော်တို့ဟာ မိုက်တွင်းနက်စွာ
ယုံကြည်ချက်ကို စွဲကိုင်တယ်....
ခင်ဗျား...
ကျုပ်တို့လောက် မမှောင်ရဲရင်
မရဲတရဲ အလင်းတွေနဲ့ လာမလင်းနဲ့
အိမ်ပြန်ချိန် ပျောက်တဲ့ လမ်းတစ်ခုကို
ကျွန်တော်တို့ လျှောက်တယ်
ကျရှုံးခန်းတွေ အထပ်ထပ် လွတ်ကျခဲ့ရင်တောင်
သဲတရှပ်ရှပ်.... ရာဇ၀င်တွေကို
ကောက်ယူရဲတယ်
ဂျီးအလိမ်းလိမ်း ထနေတဲ့ နံရံတွေ ပြိုကျ
တံခါးပေါက် မရှိတဲ့ ဟင်းလင်းပြင်ကို ငါတို့မက်တယ်...
ဟောဒီမှာ...
သေချင်းဆိုးတွေရေ...
ကျုပ်တို့ဟာ ခပ်ရဲရဲ ရှေ့ထွက် အော်ဆဲရဲတဲ့ ကောင်တွေ ဖြစ်တယ်...
ကဲ.... ခင်ဗျားနဲ့ ကျွန်တော် စီးချင်းထိုးမယ်....။
(မနေ့က ညနေက ကိုမြေမှုန်လွင်၊ ကိုသိုးထိန်း၊ ကိုမိုးလှိုင်ည အပါအ၀င် အခြားသော ကျွန်တော့် သူငယ်ချင်း ကဗျာဆရာများ နှင့် စကားစမြည်ပြောရင်း တထိုင်တည်း ရေးဖြစ်ခဲ့တဲ့ ကဗျာလေး ဖြစ်ပါတယ်။)
မင်းယွန်းသစ်



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
September 27, 2009 at 4:09 PM
နမူနာဆဲပြပါ လူဆိုးကြီးး)
October 7, 2009 at 1:50 PM
ngar kyar phoo tha lo lo par pae loh :D
ngar ma muu tar thay char b hey!!!