twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ဂစ်တာ


တညလုံး.... ညှိလို့မရတဲ့
နှင်းဆီကြိုးတွေ ငါ့နံဘေးမှာ
တဖတ်ချင်း...တဖတ်ချင်း.. ကြွေကျ

မှောင်ဝင်တဲ့ ပင်လယ် တစ်ပုဒ်က
ငါ့ သံစဉ်ကို တိုးတိုက်သွားတယ်
တနင်္ဂနွေ ဗုံသံက
ငါ့ကို အက်ကြောင်းတွေ...ထပ်စေခဲ့
တနေကုန် တနေခန်းပါပဲ....
ကန္တာရ သွန်းတဲ့ ငါ့တောင်တန်းမှာ
ဆောင်းခတ်သံတွေ ခိုးဝှက်ခံလိုက်ရတော့တယ်..

ငါ့ကို နက္ခတ်လွဲစေခဲ့တဲ့....ကောင်မစုတ်လေးရယ်...
ခိုးကြောင်ခိုးဝှက်လေး ...........ချစ်တယ်........။

Read Users' Comments (1)comments

1 Response to "ဂစ်တာ"

  1. နေ့အိပ်မက် says:
    September 13, 2009 at 3:39 PM

    ဖတ်လို့တော့ကောင်းတယ်... စကားလုံးတွေက ဆန်းနေပေမဲ့ ဒါမျိုးကဗျာတွေထဲမှာ မြင်ရနေကျလိုမျိုးပဲဖြစ်နေတော့ နည်းနည်းရိုးသွားတယ်...