Yangon United (2-0) Delta United
မနေ့က ဘောလုံးပွဲသွားကြည့်တယ်ဗျ။ ဒါပေမယ့် မိုးထဲရေထဲ ရွှဲနေတာပါပဲ။ မနေ့က ရန်ကုန်ပွဲကလဲ ပျင်းစရာကြီးပါ တဖက်အသင်း ဒယ်လ်တာက အဆုံးသတ်ညံ့၊ အသင်းလိုက် ကစားပုံ မကောင်းတော့ တဖက်သတ်ကြီး ဖြစ်နေတယ်။ ကင်မရာထဲ ဓာတ်ခဲထည့်ဖို့မေ့နေတာနဲ့ လက်ကျန်အားလေးနဲ့ ရိုက်တာ ပုံတွေ သိပ်မရိုက်ဖြစ်ဘူး။ မိုးတွေရွာနေတာလဲ ပါတာပေါ့ ပုံတွေကို အရင်လို တင်ပေးဖို့ အချိန်မရတာနဲ့ ပလေယာလေးနဲ့ပဲ တင်ပေးလိုက်မယ်နော်



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
June 29, 2009 at 12:18 PM
စာတွေ ဖတ်တတ်ဘူး...ဇောက်ထိုးတွေ...ဘီလို လုပ်ရလဲ..။ video file ပဲကြည့်သွားတယ်...။
June 29, 2009 at 12:23 PM
အမက ရန်ကုန်သူဆိုတော့ ရန်ကုန်နဲ့ ပတ်သက်တာလေးတွေ စာဘဲဖြစ်ဖြစ်...ဓါတ်ပုံဘဲဖြစ်ဖြစ် ဖတ်ရမယ် ကြည့်ရမယ်ဆိုရင် နည်းနည်း များများ ကျေးဇူးအထူးတင်ပါတယ် ....မောင်လေးမင်းယွန်းရေ.........
ma mie nge
June 30, 2009 at 8:17 AM
မမေဇင်ရေ.. ကျွန်တော်သုံးတာ မြန်မာယူနီကုဒ် မို့ပါ။ ဆိုက်တခုလုံး တက်လာတဲ့အထိ စောင့်ရင် အပေါ်ဘက် ညာဘက်အစွန်းမှာ ကွန်ဗာတာလေး အော်တို ပေါ်လာပါမယ်။ အဲ့ဒိကျရင် သေချာ မြင်ရပါတယ်။ မမီးငယ်ရေ အခုလို အချိန်ပေးပြီး လာဖတ်တဲ့ အတွက် ကျေးဇူးပဲနော်။ ဟုတ်ကဲ့ ကျွန်တော်လဲ ကင်မရာ တစ်လုံးကိုင်ပြီး လျှောက်သွားနေတာ။ စိတ်ချ ရန်ကုန်မှာ တစ်ခုခု ထူးခြားတာဖြစ်ဖြစ် ကျွန်တော် သွားတဲ့ ပွဲလမ်း သဘင် ဖြစ်ဖြစ် အမြဲတမ်း ဓာတ်ပုံရိုက်ပြီး တင်ပေးနေကျ... :)