အမည်မဲ့
တော်တော်များများ...
ကိုယ့်အပေါ် ရွာချ... ရွာချ...
အမိုးကင်းလွတ်တဲ့ ဟင်းလင်းပြင်မှာ
၂ယောက် ဆောင်းထီးလေး တစ်လက် ပျောက်ဆုံးသွားခဲ့
ရာသီဥတုက သူများဘက် ပါသွားခဲ့တယ်...
မသိလိုက်မသိဖာသာ စိုစွတ်သွားလေရဲ့
ဇွန်လက ငါ့ကို လှောင်ပြောင်တယ်...
စကား မပြောတဲ့ ရေကန်လေးက ပြုံးလို့
နာရီတွေအော် နေတယ်... ဖားတွေ အော်နေကြတယ်...
ဘုရားလမ်းလေးမှာ
ချစ်စရာ ရယ်သံလွင်လွင်လေးတွေ ဆိတ်သုဉ်းသွားတယ်...
မိုးရာသီကို မုန်းတယ်...
ကိုယ့်ကိုယ်ကို ကိုလဲ မုန်းတယ်...
ဒါပေမယ့် သစ်ပင်လေးကိုတော့
မုန်းလို့ မရဘူးကွယ်
မတူမတန်တဲ့ ငါ့ကို
ခါးသီးပစ်လိုက်တဲ့ အတွက် ကျေးဇူးတင်ပါတယ်...
မိုးတွေက သဲနေခဲ့တယ်...
အဲ့ဒိနေ့က ပေါ့ကွယ်...
တော်တော်များများ...
ငါ့အပေါ် ရွာချသွားခဲ့တယ်...။
(...အမှတ်တရ ဇွန်လ၃ရက်...)
ကိုယ့်အပေါ် ရွာချ... ရွာချ...
အမိုးကင်းလွတ်တဲ့ ဟင်းလင်းပြင်မှာ
၂ယောက် ဆောင်းထီးလေး တစ်လက် ပျောက်ဆုံးသွားခဲ့
ရာသီဥတုက သူများဘက် ပါသွားခဲ့တယ်...
မသိလိုက်မသိဖာသာ စိုစွတ်သွားလေရဲ့
ဇွန်လက ငါ့ကို လှောင်ပြောင်တယ်...
စကား မပြောတဲ့ ရေကန်လေးက ပြုံးလို့
နာရီတွေအော် နေတယ်... ဖားတွေ အော်နေကြတယ်...
ဘုရားလမ်းလေးမှာ
ချစ်စရာ ရယ်သံလွင်လွင်လေးတွေ ဆိတ်သုဉ်းသွားတယ်...
မိုးရာသီကို မုန်းတယ်...
ကိုယ့်ကိုယ်ကို ကိုလဲ မုန်းတယ်...
ဒါပေမယ့် သစ်ပင်လေးကိုတော့
မုန်းလို့ မရဘူးကွယ်
မတူမတန်တဲ့ ငါ့ကို
ခါးသီးပစ်လိုက်တဲ့ အတွက် ကျေးဇူးတင်ပါတယ်...
မိုးတွေက သဲနေခဲ့တယ်...
အဲ့ဒိနေ့က ပေါ့ကွယ်...
တော်တော်များများ...
ငါ့အပေါ် ရွာချသွားခဲ့တယ်...။
(...အမှတ်တရ ဇွန်လ၃ရက်...)



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
0 Response to "အမည်မဲ့"
Post a Comment