အဇၹ်တၱညေန
ညေန...
တိတ်တဆိတ် မှုန်ပြသွား...
အပြာရင့်ရင့်တွေက လွှမ်းခြုံလို့...
ဘာသာဗေဒတွေ မရှိဘူး..
သင်္ကေတတွေ ငြိမ့်ငြိမ့်လေး နမိတ်ပြသွား...
ခပ်ဖွဖွလေးပဲ
နိမ့်ချည် မြင့်ချည်နဲ့ တေးသွားတွေ လေပြေနဲ့ အတူ
ဖြည်းညှင်းညှင်းလေးသွဲ့လျှက်
အလင်းတွေ သံစဉ်တွေဖြစ်
ကိုယ့်ကိုကိုယ် မြစ်တစ်ခု ထင်ရင်း ကွေ့ကွေ့ကလေး စီးမျော
လမ်းကလေးတွေက တသောသော လိုက်လေရဲ့
သစ်ရွက်ဖားတွေ အချင်းချင်း ထိခတ်
မြက်ပင်ရှည်တွေ ယိမ်းထိုးယိုင်ပြီး စည်းချက်ကျနသွားကြ
ညနေ...
တဝက်တပျက် ကြယ်တွေ ထွန်းတောက် ကြရဲ့
သာသာ ယာယာလေး ပျံသန်း...
ဖျိုးဖျိုးဖျဖျလေး မြင်နေရရင်တောင် ကျေနပ်တယ်
ညနေ...
ခေတ္တခဏ ပေါင်းများစွာကို မေ့လို့...
အချိန်မဲ့ရပ်ဝန်းဆီသို့ ပြန့်ကား သွားတယ်
အနန္တတွေက အနန္တပေါင်းများစွာ အထိ ပေါင်းစည်း
အကြားအလပ် မရှိ ထိဆက် သွား...
ညနေ...
မည်သည့်အရာဝတ္တုမှ မရှိတော့ဘူး
လေဟာနယ်တွေ ဖြစ်တည်သွား
ပြီးနောက်...မူလဌာနေ ဆီသို့
ညနေ...
တစိမ်းသက်သက် ပေမယ့် ကျွမ်းဝင်နေတယ်...
နွေးနွေးထွေးထွေး တောအုပ်ကလေးက
ပကတိ ကျက်သရေရှိလွန်းလှတယ်
ညနေ...
ဒိုင်းမင်းရှင်းတွေ ကျိုးပျက်သွား
စတုတ္ထတာသို့ သွားကြရအောင်
ညနေ...
................................။
ညနေ.....ဟာ ဂီတဖြစ်တယ်
ညနေ....ဟာ ဝိဉာဉ်ဏ ဖြစ်တယ်
ညနေ....ဟာ ဘူတ ဖြစ်တယ်
ညနေ....ဟာ ပရာဏ ဖြစ်တယ်
ညနေ....ဟာ သုညတ ဖြစ်တယ်
အဲ့ဒိနောက် ညနေဟာ ညနေ ဖြစ်နေတယ်။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
0 Response to "အဇၹ်တၱညေန"
Post a Comment