အချစ်မဲ့လှေ
လွမ်းတော့ လွမ်းတယ်...
အုံမှိုင်းနေတဲ့ တနင်္ဂနွေ မိုးအောက်မှာ
မယ်မယ်ရရ မရှိပဲ... ခံစားချက်တွေ
ရီဝေနေခဲ့တယ်...။
ဟိုးအဝေးကိုလား.....
နီးနီးလေးကိုလား.. ဆိုတာ
အဓိပ္ပါယ် ဖွင့်ဆိုဖို့ ခဲယဉ်းနေဆဲ....။
ဖြိုးဖြိုး ဖျော့ဖျော့လေး ပါပဲ
ခေါင်းစဉ်တပ် မရတဲ့ အ၀ါရောင် ဆွတ်ပျံ့ခြင်းမျိုးပေါ့....။
သံယောဇဉ်တွေ စိုက်ပျိုးတဲ့ အဲဒိမြို့တော်မှာ
ငါဟာ မြို့ပြင်က လူသက်သက်ပါပဲ....။
ခေါ်သံတွေ ဆိတ်သုန်း လွန်းတဲ့
ငါ့ဘေးတစ်ဘက်မှာ...
ခပ်နွေးနွေး သက်ပြင်းရှိုက်သံလေးတွေ တောင် ရှားပါးနေခဲ့...။
အုံမှိုင်းနေတဲ့ တနင်္ဂနွေ မိုးအောက်မှာ
မယ်မယ်ရရ မရှိပဲ... ခံစားချက်တွေ
ရီဝေနေခဲ့တယ်...။
ဟိုးအဝေးကိုလား.....
နီးနီးလေးကိုလား.. ဆိုတာ
အဓိပ္ပါယ် ဖွင့်ဆိုဖို့ ခဲယဉ်းနေဆဲ....။
ဖြိုးဖြိုး ဖျော့ဖျော့လေး ပါပဲ
ခေါင်းစဉ်တပ် မရတဲ့ အ၀ါရောင် ဆွတ်ပျံ့ခြင်းမျိုးပေါ့....။
သံယောဇဉ်တွေ စိုက်ပျိုးတဲ့ အဲဒိမြို့တော်မှာ
ငါဟာ မြို့ပြင်က လူသက်သက်ပါပဲ....။
ခေါ်သံတွေ ဆိတ်သုန်း လွန်းတဲ့
ငါ့ဘေးတစ်ဘက်မှာ...
ခပ်နွေးနွေး သက်ပြင်းရှိုက်သံလေးတွေ တောင် ရှားပါးနေခဲ့...။
လွမ်းတော့ လွမ်းတာပေါ့...
ဒါပေမယ့် ဘာကိုလွမ်းရမှန်းတောင် (သေချာ) မသိခဲ့ပါဘူး...........................။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
0 Response to "အချစ်မဲ့လှေ"
Post a Comment