ဧဒင်သူသို့....
တောင်တန်းကြီးတွေကို
အလျားလိုက်ကြည့်ရင်း
ငါလေ မင်းကို လွမ်းတယ် ကောင်မလေးရယ်...
အေးခဲမတတ် မင်းအသံတုန်ရီလေးနဲ့
“ချမ်းတယ် ...ယွန်းရယ်” ဆိုတဲ့ စကားသံလေးတွေက
ငါ့ရင်ခုန်ခြင်းတွေ ပြိုဆင်းခဲ့ရပါတယ်။
စံတော်ချိန်လွဲနေတဲ့ ညတွေထဲ
“ချစ်တယ်...ယွန်းရယ်.... ဂွတ်နိုက်နော်.. အိပ်မက်ထဲမှာ တွေ့ကြမယ်....”
ဆိုတဲ့ ချစ်ခွန်းဖွဲ့ စကားသံတွေနဲ့ ငါ့အိမ်ပြန်ညတွေ
ကြယ်တွေ ထွန်းပခဲ့ရတာပေါ့....။
စိတ်ကူးယဉ်ဆန်တယ်ပဲ ပြောပြော
အိမ်ရောက်တိုင်း ပြတင်းပေါက်ကနေ
ဟိုးအဝေး ကောင်းကင်က လ ကို
မော့ကြည့်ရင်း ရည်မှန်း ဆုတောင်းရတာလဲ အမောပါပဲ...။
ငါဟာ ပြိုတော့မယ့် မိုးပါ ကောင်မလေး.....
ငါ့ရင်ထဲက နင့်နေတဲ့ ချစ်ခြင်းတွေ
ဥယျာဉ်တခုစာ မက ပွင့်ပစ်ခဲ့ပြီးပါပြီ...
မိုင်ပေါင်း ၂၉၂၇ မိုင်ဆီကို
လှမ်းမျှော် နေမိတဲ့ အရူးကြီးတစ်ယောက်ဟာ ငါပါပဲ...။
မင်း ရွတ်ပြခဲ့ဖူးတဲ့ ပုံပြင်လှလှလေးတွေဟာ အတုတွေ
ဖြစ်ခဲ့သည် ဆိုရင်တောင်...
ငါလေ.... ပြန်နားဆင်ခွင့်ရှိအုံးမလားဟင်....။
ကောင်မလေးရယ်....
ကောင်မလေးရယ်..
ကောင်မလေးရယ်
နူးညွှတ်စွာ ငါဒူးထောက် အရှုံးပေးပါရဲ့ကွာ...
ငါ့ကို မတော်တဆလေးများ ပြန်ချစ်ကြည့်ပေးအုံးနော်..
ငါ့နာရီတွေမှာလေ
မင်းကိုစောင့်နေရင်း နရီခတ်သံတွေ ဆူညံနေခဲ့တာပေါ့....။

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
March 5, 2008 at 4:16 PM
လွမ်းတယ် ယွန်းရယ်ပေါ့လေ အရေးသားတွေက နုလွန်းလို့  အူတောင်ယားတယ် ဟားဟားးး
“ချစ်တယ်...ယွန်းရယ်.... ဂွတ်နိုက်နော်.. အိပ်မက်ထဲမှာ တွေ့ကြမယ်....” အဟမ်းး အဟမ်းးး
ကောင်း၏ ကောင်း၏ လွမ်းချင်းတွေ အမြန်ပျောက်ပါစေ သယ်ရင်းရေ့......။
သက်ဆိုင်သူလေးရေ့ ဒူးထောက် အရှုံးပေးနေတဲ့ သယ်ရင်းလေးကို ပြန်ချစ်ကြည့်လိုက်ပါအူံးဗျာ။