ပဉ္စလက်
ကျွန်တော် သိပ်ကြိုက်တဲ့ ဆရာ သစ္စာနီရဲ့ ကဗျာလေးပါ။ နှစ်ဆယ့်တစ် အယ်လ်ဘမ် ကဗျာ စုစည်းမှု ကဗျာ စာအုပ်ကနေ ကောက်နှုတ်ထားတာ ဖြစ်ပါတယ်။
မနက်ခင်းကလည်း
ချက်နို့ဆီနဲ့ အရောတ၀င် ဖြစ်လို့
အီကြာကွေးသေးသေးလေးနဲ့ စစ်ပြေငြိမ်းလို့
သတင်းစာတွေက လက်မထပ်ဘဲ အတူတူ နေလို့။
နေ့ခင်းကျတော့…
ရေလိုက်ငါးလိုက်ဝါဒကို မျက်မှန်တပ်လို့
အစာအိမ်ကို ဗြူတီဆလွန်းပို့ရ
မျှော်လင့်ချက်နဲ့ စစ်တုရင် ထိုးရနဲ့
(သူပဲ ပွဲတိုင်း ရှုံးလေ့ရှိတယ်)။
လူဆိုတာ…
စနစ်တကျ ပျက်စီးတတ်ဖို့ လိုတယ်
ညကျရင်
ဂျနီဖာလိုပက်ကို
အိပ်မာက်မက်ပစ်မယ်။ ။
ပဉ္စလက်
မနက်ခင်းကလည်း
ချက်နို့ဆီနဲ့ အရောတ၀င် ဖြစ်လို့
အီကြာကွေးသေးသေးလေးနဲ့ စစ်ပြေငြိမ်းလို့
သတင်းစာတွေက လက်မထပ်ဘဲ အတူတူ နေလို့။
နေ့ခင်းကျတော့…
ရေလိုက်ငါးလိုက်ဝါဒကို မျက်မှန်တပ်လို့
အစာအိမ်ကို ဗြူတီဆလွန်းပို့ရ
မျှော်လင့်ချက်နဲ့ စစ်တုရင် ထိုးရနဲ့
(သူပဲ ပွဲတိုင်း ရှုံးလေ့ရှိတယ်)။
လူဆိုတာ…
စနစ်တကျ ပျက်စီးတတ်ဖို့ လိုတယ်
ညကျရင်
ဂျနီဖာလိုပက်ကို
အိပ်မာက်မက်ပစ်မယ်။ ။
သစ္စာနီ
စတိုင်သစ် မဂ္ဂဇင်း၊ ၂၀၀၂။



ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
0 Response to "ပဉ္စလက်"
Post a Comment