twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

Congratulation Zawgyi!!



MCPA မှ ပေးအပ်သော Excellent Award 2007 ဆုကို ရရှိခဲ့သော ဇော်ဂျီယူနီကုဒ် အဖွဲ့အား ၀မ်းမြောက်ဂုဏ်ယူမိပါကြောင်းပြောကြားလိုပါတယ်။ (တကယ်တမ်း ပြောရရင် နှစ်တနှစ်ရဲ့ ICT Excellent Award ဆုဟာ အိုင်တီ လောကရဲ့ အကယ်ဒမီလိုပါပဲ)ကျွန်တော်တို့ ဘလော့ဂ်တွေ ပေါ်မှာ မြန်မာလို ရေးနိုင်ခဲ့တာဟာ ဇော်ဂျီကြောင့်လဲ ပါပါတယ်။ ဒါကြောင့် ဒီနေ့ မြန်မာ ဘလော့ဂ်တွေနဲ့ ဇော်ဂျီဆိုတာ ခွဲခြားမရပါဘူး။ ပြီးတော့ Gtalk ပေါ်မှာ မြန်မာလို ပြောနိုင်ခဲ့တာဟာ ဇော်ဂျီရဲ့ ကျေးဇူးတွေပါပါတယ်။ တခြားယူနီကုဒ်တွေနဲ့ မတူတဲ့အချက်က အရင်ဝင်းမြန်မာ စနစ်နဲ့ လုံးဝ သွေဖယ်သွားခြင်း မရှိတဲ့ အတွက် ကျွန်တော်တို့နဲ့ ရင်းနှီးမှုရှိပါတယ်။ ဒါက ဇော်ဂျီရဲ့ အားသာချက်တခုပါ။ ပြီးတော့ ပုံနှိပ်ထုတ်မယ်ဆိုရင် ဇော်ဂျီဖောင့်နံပါတ် ၉ ၊ ၁၀ တို့ဟာ အတော်လေး ၀ိုင်းစက်ပြီး လှပါတယ်။ ယနေ့လက်ရှိ မြန်မာ ဘလော့တွေမှာတင် မဟုတ်ပါဘူး။ မြန်မာ ၀က်ဘ်ဆိုက်တော်တော်များများမှာ ဇော်ဂျီဖောင့်ကိုပဲ စံအနေနဲ့ သုံးလာကြပြီ ဖြစ်တဲ့အတွက် ဇော်ဂျီယူနီကုဒ်အဖွဲ့ဟာ ဒီဆုကို ရသင့်ရထိုက်လို့ ရခဲ့တယ်လို့ မြင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံကွန်ပြူတာပညာရှင် အသင်းမှ ချီးမြှင့်တဲ့ Excellent Award 2007 ဆုကို ရရှိခဲ့တဲ့ ဇော်ဂျီယူနီကုဒ်အဖွဲ့နှင့်အတူ ကျွန်တော် တို့ဘလော့ဂ်ကာများကလဲ ထပ်တူထပ်မျှ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်။

Read Users' Comments (5)

5 Response to "Congratulation Zawgyi!!"

  1. အောင်မျိုးဟန် says:
    March 1, 2008 at 1:05 PM

    ဂုဏ်ယူပါတယ် ဇော်ဂျီ

  2. ThinkingHoney says:
    March 1, 2008 at 9:05 PM

    super congrats!
    အလွန်တရာ ဂုဏ်ယူပါတယ်ဗျို့

  3. Layma says:
    March 1, 2008 at 10:49 PM

    အထူး..ဂုဏ်ယူပါသည်...ဇော်ဂျီ..။

  4. kay says:
    March 2, 2008 at 2:55 PM

    ဇော်ဂျီ အုပ်စု ဆုရခြင်း အတွက် အထူးပင် ၀မ်းမြောက်မိပါသည်။ အင်မတန် ထိုက်တန် ပါသည်။ ထိုက်တန် သော ဆု - အကျိုး များ လည်း ခံစား နိုင်ပါစေ။း)

  5. မင်းကျန်စစ်။ says:
    March 2, 2008 at 11:56 PM

    ဇော်ဂျီအတွက် ကျေနပ် ဝမ်းသာမိတယ်ဗျာ။ ကျေးဇူးရှင် ဇော်ဂျီပါပဲ။