Posted in
Labels:
News,
Thingyan(Water Festival)
|
Thursday, March 27, 2008
မင်္ဂလာရှိသော မြန်မာတို့ရဲ့ သင်္ကြန်ပွဲတော် ရောက်ရှိလာပြန်ပါပြီ။ သင်္ကြန်နားနီးပြီလားဆိုရင် ကျွန်တော်တို့တွေ ကို ကူးစက် ပျံ့နှံ့ လာတဲ့ ရိုးတိုး ရွတ ဗိုင်းရပ်စ် တစ်မျိုး ကတော့ သင်္ကြန် ဗိုင်းရပ်စ်ပဲ ဖြစ်ပါတယ်။ အဲဒိ ဗိုင်းရပ်စ်ကိုတော့ ဖေဖေ မေမေ အန်တီဗိုင်းရပ်စ် လဲ မနိုင်ပါဘူး။ သင်္ကြန်ကာလ နား ချဉ်းကပ် ရောက်ရှိလာပြီ ဆိုရင် သင်္ကြန်အတွက် အစီအစဉ်တွေ ကို သူငယ်ချင်းတွေနဲ့ ပူးပေါင်းဆွဲကြပါတယ်။ မဏ္ဍပ်မှာ သူငယ်ချင်းတွေနဲ့ ဒါမှမဟုတ် ချစ်ချစ်နဲ့ပဲ ထိုင်မလား၊ ကားနဲ့ပဲ မြို့ထဲကို လည်မလား ဆိုတာတွေပေါ့။ မြန်မာ့ ရိုးရာ မဟာသင်္ကြန်ဆိုတာ ကြီးငယ် ရွယ်လတ်မရွေး ပျော်ရွှင်နိုင်တဲ့ ပွဲတော်တစ်ခုလဲ ဖြစ်ပါတယ်။ မြန်မာ သင်္ကြန်ဆိုရင် တခြားအိမ်နီးချင်းသင်္ကြန်ပွဲတော် ထက် ကမ္ဘာက ပိုသိကြပါတယ်။ ယနေ့ခေတ်မှာ နည်းပညာ ခေတ်ကို ကျွန်တော်တို့ ဖြတ်သန်းနေရတဲ့ နည်းတူ ကျွန်တော်တို့ရဲ့ သင်္ကြန် အပျော်လေးတွေ၊ သင်္ကြန်နဲ့ ပတ်သက်နဲ့ အမြင်လေးတွေကို ကျွန်တော်တို့ရဲ့ www.mmthingyan.com မှာဝေမျှလို့ ရအောင် စီစဉ်ထားပါတယ်။
www.mmthingyan.com မှာ သင်္ကြန်ပွဲတော် ပါဝင်ဆင်နွှဲမယ့် မည်သူ မဆို ဂျီမေးလ် အကောင့်လေး တခု ရှိရုံနဲ့ မိမိရဲ့ သင်္ကြန် အတွေ့အကြုံတွေကို ytaung.thingyan@blogger.com ကိုပို့ပြီး ပါဝင် တင်ဆက်လို့ရပါတယ်။ သင်္ကြန်နဲ့ ပတ်သက်ပြီး ကိုယ်ကားနဲ့ လျှောက်လည်တဲ့ အကြောင်းအရာ ဓာတ်ပုံတွေ တင်မလား၊ ဒါမှမဟုတ် ကိုယ် မဏ္ဍပ် ထိုင်တဲ့ မှတ်တမ်း ဓာတ်ပုံတွေ တင်မလား တင်စရာတွေ အများကြီးပေါ့။ ဒါမှ ကျွန်တော့်တို့ တစ်ဦးချင်းစီရဲ့ သင်္ကြန်အပေါ် မတူတဲ့ အတွေ့အကြုံ၊ မတူညီတဲ့ အမြင်တွေနဲ့ ပျော်ရွှင်မှုတွေကို တကမ္ဘာလုံး မှာ ရှိတဲ့ အဝေးရောက် သူငယ်ချင်းတွေ ကျွန်တော်တို့ နဲ့ အတူတူ ဝေမျှ ခံစားလို့ရအောင်ပေါ့။ ကဲ သူငယ်ချင်းတို့ရေ ၂၀၀၈ မဟာသင်္ကြန်ကို www.mmthingyan.com မှာ သင်္ကြန်အကြောင်းလေးတွေ ကိုယ်ပိုင် အမြင် အတွေ့အကြုံလေးတွ တင်ဆက်ရင်း မြန်မာ့နှစ်သစ်ကူး ကို တကမ္ဘာလုံးက သူငယ်ချင်း မိတ်ဆွေတွေ လဲ တူတူပျော်ရအောင် ဝေမျှ ပေးလိုက်ကြပါစို့ဗျာ…။
0 Response to "မင်္ဂလာရှိသော သင်္ကြန် ၂၀၀၈ အတွက်"
Post a Comment