twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

နယ်နမိတ်

အဲဒိ ကောင်းကင် ရှိုက်သံတွေ
မကြားချင်မှ အဆုံး ပဲ့တင်ထပ်နေတယ်
တထပ်တည်း မကျတဲ့ တထပ်တည်း
မကျမှုများ အေးခဲစွာ ခေါက်ရိုးကျိုးနေခဲ့…
တောင်ပံတွေရဲ့ ခတ်အားဟာ
အဆုံးစွန်ဆုံး ဆန္ဒကို
အနည်းငယ် ပြေစေတယ်…
ခုံးဝန်းတဲ့ မျက်နှာပြင်တွေကို
တွက်ချက်ဖို့ လုံလောက်တဲ့
အသိဉာဏ် ချို့တဲ့စေရုံသက်သက်ပဲ..
အားလုံး လွှတ်ချခဲ့ပြီးမှ ပေးကမ်းတဲ့
ဆာလောင်မှုတွေ မီးမြှိုက်ပစ်ဖို့ပဲ ကောင်းတော့တယ်..
တိုက်ချွတ်ခဲ့ရတဲ့ အလွှာမဲ့ ၀တ်ရုံတွေ
ခုထိ စွတ်စိုနေတုန်းပါပဲ..
ဟိုဘက်က ဒီဘက်ကူးဖို့တောင်
နှစ်ပရိစ္ဆေဒ ကြာအောင် ဆွေးမြေ့ခဲ့….
အားလုံးကို ပြန်မျှော်ကြည့်လိုက်တိုင်း
ဘာမှ မဖြစ်စလောက် ခြေရာခွက်လေးတခု
ထဲမှာပဲ (ငါ)…..ရှိနေတုန်းပဲ…..။

Read Users' Comments (0)

0 Response to "နယ်နမိတ်"