twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ဖြေရဲရင်မေးကြည့်(ကောက်နှုတ်ချက်)-(၂)

Question 11
အကယ်၍ သင်နှင့် စေ့စပ်ထားသူက
မတော်တဆ ထိခိုက်မှု ဖြစ်ကာ
ကိုယ်တစ်ပိုင်း သေသွားသည် ဆိုပါစို့၊
ရှေ့တိုးမလား? နောက်ဆုတ်မလား?



Question 12
သင်နဲ့ သိပ်ရင်းနှီးတဲ့ လူတစ်ယောက်ဟာ ဝေဒနာ အပြင်းအထန် ခံစားနေရတယ်။
ကိုယ်တစ်ပိုင်း သေနေတယ်။
တစ်လလောက်ဆိုရင် ကွယ်လွန်တော့မယ်။
သူက သူသေချင်လှပြီဆိုပြီး
အဆိပ်ကျွေးခိုင်းနေတယ်။
အဲဒိလိုဆိုရင် သင် ကျွေးမလား?
အဲဒိလူဟာ သင့်အဖေ ဖြစ်နေရင်ကော?



Question 13
ညနက်နက်မှာ သင်ရဲ့ကား ရပ်လိုက်တုန်းက ဘေးက အဖိုးတန် ကားတစ်စီးကို နည်းနည်းလေး ပွတ်တိုက်မိသွားတယ်။
ဘာဖြစ်သွားတယ်ဆိုတာ ဘယ်သူမှ မသိလိုက်ကြဘူး။
ထိခိုက်မိတာကလည်း အသေးအဖွဲပါ။
ဒါဆိုရင် အဲဒိကားကို သ မတော်တဆ ပွတ်တိုက်မိတဲ့ အကြောင်း
ကားပိုင်ရှင်ကို ပြောပြမလား။?



Question 14
သင့်ရဲ့ အိမ်ထောင် ဖက်ဟာ သင့်ထက် ပိုတော်တဲ့သူ
သင့်ထက် ပိုတော်တဲ့သူ၊ သင့်ထက် ချောမောလှပ ဆွဲဆောင်မှု ရှိတဲ့သူ
ဖြစ်စေချင်သလား?



Question 15
တခြားသူ တစ်ယောက် ရှေ့မှာ အပေါ့သွားရဲသလား?



Question 16
သင်နဲ့ သင် စွဲစွဲမြဲမြဲ ချစ်ကျွမ်းဝင်တဲ့ လူတစ်ယောက်ကို အခန်းတစ်ခန်းစီမှာ
သီခြားခွဲထာမယ်။ သင်တို့ ဘေးမှာ ခလုတ်တစ်ခုစီ တပ်ထားပေးမယ်။
တစ်နာရီအတွင်းမှာ တစ်ယောက်ယောက်က ခလုတ်မနှိပ်ရင်
နှစ်ယောက်လုံး သေသွားမယ်။
ပထမဆုံူး ခလုတ်နှိပ်တဲ့သူဟာ အခြားတစ်ယောက်ရဲ့ အသက်ကို ကယ်နိုင်ပေမယ့်
သူကတော့ ချက်ချင်း သေသွားမယ်၊ သင်ဘာလုပ်မယ် ထင်သလဲ?



Question 17
သုံးလလောက် မျက်နှာ မသစ်ရဘူး၊
သွားမတိုက် ရဘူး၊
ချွေးနံ့ ပျောက်ဆေးတောင် မသုံးရဘူး၊
ဒီအတွက် ဒေါ်လာနှစ်သောင်း ပေးမယ်ဆိုရင်
သင်လက်ခံမလား၊
ဒီအကြောင်းကို ဘယ်သူ့မှလဲ ရှင်းလင်း မပြရဘူး၊
သင့်ရဲ့ ရေရှည် အလုပ်အကိုင်ကိုလည်း
မထိခိုက်ဘူး။



Question 18
ရောဂါဆိုးကြီးတွေ အားလုံးက
ကင်းဝေး ပပျောက်စေမယ်၊
ဒီအတွက် လက်ချောင်းတစ်ချောင်း အဖြတ်ခံရမယ်ဆိုရင်
ခံမလား?



Question 19
သင်ရယ်၊ သင့်အဖေရယ်၊ သင့်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေရယ်
သုံးယောက်သား တောနက်ထဲမှာ လျှောက်လည်နေကြတယ်။
ဒီလိုလည်ရင်း သင့်အဖော်နှစ်ယောက်ဟာ မြွေသိုက်နဲ့ တိုးပြီး
အဆိပ်ရှိတဲ့ မြွှေတွေ အကြိမ်ပေါင်းများစွာ ကိုက်ခဲတာကို ခံနေရတယ်၊
မြွေဆိပ်ဖြေဆေး ထိုးမပေးနိုင်ရင် အသက်ရှင်ကြမှာ မဟုတ်ဘူး၊
မြွေဆိပ် ဖြေဆေးကလည်း သင့်အိတ်ထောင်ထဲမှာ တစ်လုံးတည်း ရှိနေတယ်။
သင်ဘယ်သူ့ကို ဆေးထိုးပေးမလဲ



Question 20
ရက်ရက်ရောရော ရှိလှတဲ့ သန်းကြွယ် သူဌေးတစ်ယောက်က
သင့်ကို ရက်ရက်ရောရော ငွေပေးမယ်။ ဒါပေမယ့် သင့်အနေနဲ့ မြို့လယ်ခေါင်မှာ
ကားပေါ်က ကိုယ်လုံးတီးနဲ့ ဆင်းပြီး (၄)လမ်း လမ်းလျှောက်ရမယ်။
ပြီးမှ ကားပေါ် ပြန်တက်ရမယ်။
သင်လမ်းလျှောက်နေတဲ့အချိန်မှာ သင့်ကို
ဘယ်သူကမှ ကိုယ်ထိလက်ရောက်
စော်ကားမော်ကား မလုပ်ကြဘူးဆိုရင်
သင်လုပ်မှာလား?

Read Users' Comments (6)

6 Response to "ဖြေရဲရင်မေးကြည့်(ကောက်နှုတ်ချက်)-(၂)"

  1. pyaephyo says:
    March 1, 2008 at 12:53 PM

    Q.သင်နဲ့ သင် စွဲစွဲမြဲမြဲ ချစ်ကျွမ်းဝင်တဲ့ လူတစ်ယောက်ကို အခန်းတစ်ခန်းစီမှာ
    သီခြားခွဲထာမယ်။ သင်တို့ ဘေးမှာ ခလုတ်တစ်ခုစီ တပ်ထားပေးမယ်။
    တစ်နာရီအတွင်းမှာ တစ်ယောက်ယောက်က ခလုတ်မနှိပ်ရင်
    နှစ်ယောက်လုံး သေသွားမယ်။
    ပထမဆုံူး ခလုတ်နှိပ်တဲ့သူဟာ အခြားတစ်ယောက်ရဲ့ အသက်ကို ကယ်နိုင်ပေမယ့်
    သူကတော့ ချက်ချင်း သေသွားမယ်၊ သင်ဘာလုပ်မယ် ထင်သလဲ?

    Ans.ခလုတ်တွေကို နှစ်ယောက်လုံး တစ်နှစ်သုံး အော်ပြီး ပြိုင်တူနှိပ်မှာပေါ့..:)

  2. pyaephyo says:
    March 1, 2008 at 12:58 PM

    Q..ရောဂါဆိုးကြီးတွေ အားလုံးက
    ကင်းဝေး ပပျောက်စေမယ်၊
    ဒီအတွက် လက်ချောင်းတစ်ချောင်း အဖြတ်ခံရမယ်ဆိုရင်
    ခံမလား?

    Ans...ရောဂါနဲနဲ အဖြစ်ခံပြီး လက်နဲနဲ အဖြတ်ခံမယ် :P

  3. pyaephyo says:
    March 1, 2008 at 1:02 PM

    Q..တခြားသူ တစ်ယောက် ရှေ့မှာ အပေါ့သွားရဲသလား?
    Ans..မေးခွန်းမေးတဲ့ လူကိုယ်တိုင်တောင် မွေးတုန်းက လူတွေပေါ်မှာပေါ့သွားခဲ့တာမေ့သွားပြီထင်တယ်..

  4. pyaephyo says:
    March 1, 2008 at 1:05 PM

    Q.. ကမ္ဘာမှာ အငတ်ဘေးဆိုက်နေသည်။
    ထိုအငတ်ဘေးကို အဆုံးသတ်ရန်အတွက်
    အပြစ်မဲ့သည့် လူတစ်ယောက်ကို
    သတ်ရမည်ဆိုလျှင်
    သတ်ချင်ပါရဲ့လား။?
    Ans..ွှအဲဒီ အသတ်ခံရမည့်လူက ဆရာခင်မောင်ညိုဆို ဘယ်လိုလုပ်မလဲ haha :D

  5. pyaephyo says:
    March 1, 2008 at 1:09 PM

    Q..အူထဲအသည်းထဲက စွဲစွဲမြဲမြဲ ချစ်ကြိုက်မိသူတစ်ဦးအတွက် မိမိမိတ်ဆွေတွေ၊ ဆွေမျိုးတွေနဲ့ ပြန်ဆုံဖို့ အလားအလာ နည်းနည်းပဲ ရှိတယ်ဆိုရင်တောင်မှ ရပ်ဝေးမြေခြားကို ထွက်သွားနိုင်မလား?

    Ans..သူမေးတာက အလားလာ နည်းနည်းပဲရှိတာလေ.. လုံဝမရှိတာမှမဟုတ်တာ..

  6. pyaephyo says:
    March 1, 2008 at 1:13 PM

    ကတ်သီးကတ်သတ် မေးလို့ ကတ်သီးကတ်သတ် ပြန်ဖြေထားတာနော် ကိုမင်းယွန်းကြီး စိတ်မစိုးနဲ့ :D