twitter
    Find out what I'm doing, Follow Me :)
Barcamp Yangon

ကျွန်တော့် ဖတ်စာ

(၁)
ကျွန်တော့်တွင် အမဲရောင် ဂစ်တာလေး တစ်လုံးရှိပါသည်။ ကျွန်တော်သည် ကြောင် အလွန်မုန်းသူ ဖြစ်ပါသည်။ ကျွန်တော်သည် မုန့်လင်မယား မုန့်ကို တော်တော်ကြိုက်ပါသည်။ ကျွန်တော်သည် ဖိနပ်ဆိုက်နံပါတ် ၄၃ စီးသူဖြစ်ပါသည်။ ကျွန်တော်သည် ဘွဲ့ရပြီး ပညာမတတ်သေးသော သူတစ်ယောက်ဖြစ်ပါသည်။ ကျွန်တော့်တွင် နာရီတစ်လုံး ရှိသော်လည်း မပတ်ဖြစ်ပါ အဘယ့်ကြောင့်ဆိုသော် ကျွန်တော်သည် အချိန်မဲ့နေသူ တစ်ယောက် ဖြစ်သောကြောင့် ဖြစ်ပါသည်။


(၂)
ကျွန်တော်သည် အော်လ်တာနေးတစ် သီချင်းများကို ရူးသွပ်သူ တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော်သည် တီရှပ်နှင့် ဂျင်းပင်န် ကို အမြဲတစေ ၀တ်လေ့ရှိပါသည်။ ကျွန်တော်သည် ကော်ဖီခါးခါး ကြိုက်သူဖြစ်ပါသည်။ ကျွန်တော်သည် အသက်၂၂ နှစ် အရွယ်ရှိ ချာတိတ်လတ် တစ်ယောက်ဖြစ်ပါသည်။ ကျွန်တော် အသဲတကြိမ် ကွဲခဲ့ဖူးပါသည်။ ကျွန်တော်သည် စိတ်ရူးပေါက်လျှင် ခပ်ပေါပေါနေ တတ်သူ ဖြစ်ပါသည်။


(၃)
ကျွန်တော်သည် အာဆင်နယ် ပရိသတ် တစ်ယောက်လဲ ဖြစ်ပါသည်။ ကျွန်တော်သည် အပေါင်းအသင်း မက်သူဖြစ်ပါသည်။ ကျွန်တော်သည် ဘလော့ဂ်နှင့် ဂျီတော့ခ် ကို စွဲနေပါသည်။ ကျွန်တော်သည် အားတိုင်းယားတိုင်း ကဗျာတွေ ရေးနေလေ့ရှိပါသည်။ ကျွန်တော့်ကို မေမေက သားဦးအရူး ဟု မကြာခဏပြောလေ့ရှိပါသည်။ ထို့နောက် ကျွန်တော်သည် မင်းယွန်းသစ် ဖြစ်ပါသည်။



***(လမ်းညွှန်။ ။ အထက်ပါ စာများအား ဖတ်ရှုရန် မှာ အငယ်တန်းကလေးများ စာအံသကဲ့သို့ အသံရှည်စွဲ၍ ဖတ်ရှုရန်ဖြစ်ပါသည်)

Read Users' Comments (2)

2 Response to "ကျွန်တော့် ဖတ်စာ"

  1. မေပျို says:
    February 10, 2008 at 11:30 AM

    မင်းယွန်းရေ..
    အခုထုတ်မယ့် သီချင်းခွေထဲမှာ ဒီဖတ်စာလေးပါ ထည့်လိုက်ပါလား။ မင်းယွန်းကိုယ်တိုင် ဆိုပီးတော့လေ။ ဟီးဟီး။ တော်တော် နားထောင်ကောင်းမယ်ထင်တယ်နော်။

    လေးစားစွာဖြင့်
    မေပျို

  2. thamudayanwe says:
    February 11, 2008 at 5:09 AM

    ဟားဟား အောက်ရောက်မှ ဘယ်လိုဖတ်ရမလဲ ဆိုတာ သိသွားတယ်