ဗယ်လင်တိုင်းဖူး
ကျွန်တော့်ကို စိတ်မဆိုးကြပါနဲ့နော်၊ ကျွန်တော်တို့ဘလောက်ဂါဘ၀ တေးစီးရီးဟာ တကယ်တော့ မဖြန့် ဖြစ်သေး ပါဘူး၊ အမှန်လဲကျွန်တော်တို့ သီဆို ဖြန့်ချီသွားမှာပါ ခင်ဗျာ။ ကျန်နေသေးတဲ့ အခက်အချို့ ကြောင့် ကြာနေသေး တာ ပါ။ ကိုဂေါက်ရယ် ၊ကိုမျက်စိရယ်၊ ကျွန်တော် ကိုတိုင်ရယ် ကိုယ်တိုင်ရေး ၊ သီဆိုထားတဲ့ သီချင်းများ ကို အခု လုပ်နေတဲ့ www.zawzaw.com ကနေ အခမယ့် ဖြန့်ချီသွားမှာပါ။ ဓါတ်ပုံ၊ အမ်တီဗွီနဲ့ ၊ ဒီဇိုင်း တွေကို မောင်ခ နဲ့ နန္ဒ တို့နဲ့ အတူ ကိုစိုးဇေယျ တို့က ရိုက်ကူး တင်ဆက် ကာ အခမယ့် ဖြန့်ချီသွား ဖို့ စီစဉ်ထား ပါတယ်။
ကျွန်တော်နဲ့ မောင်ခ က စိတ်စော ပြီး ကျွန်တော်တို့ ဖြစ်ချင်တာလေး တွေကို ဘလောက်မှာ ပြသရင်း၊ ဧပြီဖူး အစား ဗယ်လင်တိုင်းဖူး လုပ် မိတာပါ။ ကျွန်တော်တို့ ကိုတကယ့်စိတ်ရင်းနဲ့ အားပေး ကြတဲ့ မိတ်ဆွေတွေကို အရူး လုပ်မိတယ် ဆိုအားနာပါတယ်ဗျာ။ ဒါပေမယ့် ကျွန်တော်တို့ ကို အခုတောင် အားပေးနေတဲ့ ပရိတ်သတ် ရှိနေ တာ တွေ့ရတော့ အရမ်းလဲ ၀မ်းသာ မိပါတယ်။ ကျွန်တော်တို့ ကြိုးပမ်းမှု ဟာ မကြာခင် ပြည့် စုံတော့မှာပါ။ အဲဒီလို ပြီးတာ နဲ့ ချစ်မိတ်ဆွေများ ကို ဘလောက်အရောက် ၊ မေးအရောက် လိုက်လံဝေငှရင်း ကျွန်တော်တို့ရဲ့ ရင်ဘတ် ထဲ က ခံစားချက်တွေနဲ့ သီချင်းများ ကို လက်ထဲအရောက် ထည့်ပေးပါ့မယ်နော်။ အခု တော့ လာမယ့် ၁၄ ရက်နေ့ မှာ ဘလောက်ဖော် ဘလောက်ဖတ် မိတ်ဆွေများ ကန်ဘောင်မှာ ဆုံတွေ့ရင်း ပျော် စရာ သီချင်းလေးတွေ တူတူ ဟစ်ကြ အောင် လို့ ဖိတ်ခေါ် ပါတယ်နော်။
ကျွန်တော့ကို ချိတ်ချိုး ကြပါနဲ့ နော် - - - ဟတ် ဟတ်

ဤဘလော့မှ စာသားများ၊ ရုပ်ပုံများအား စီးပွားရေး ဆိုင်ရာ လုပ်ငန်းများတွင် ကူးယူသုံးစွဲခြင်းမပြုလုပ်ပါရန် (အထူး) သတိပေး တားမြစ်အပ်ပါသည်။
February 13, 2008 at 1:14 PM
Blogger Life အခွေ မထွက်သေးပေမယ့် သူ့ရဲ့ခိုးကူးခွေထွက်ရှိမှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက်နေ့ ညနေ 3 နာရီမှ 5နာရီ အတွင်း သာယာလှပသော ကန်ဘောင်ရှုခင်းများနဲ့ Blogger Life VCD Karaoke ခိုးကူးခွေ မကြာမီထွက်မည်....မျှော်